မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့၊ သောတပန်းရပ်ကွက်ရှိ သဒ္ဓမ္မပါလကျောင်းတိုက်နှင့် ဇိနောဒယပရိယတ္တိစာသင် တိုက်များသို့ သွားရောက်၍ သံဃာတော်များအား အရုဏ်ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်၍ သာသာနိကအဆောက်အဦများ ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြည်လည်တည် ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများကို လျှောက်ထားကာ ဆရာတော်များထံ မှ ဩဝါဒများ နာခံကြသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီအတွင်း သာသနိကအဆောက်အဦများ၌ အပျက်အစီး ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကိုကြည့်ရှုပြီး ရန်နိုင်ရပ်ကွက်နှင့် ပါရမီရပ် ကွက်များရှိ ငလျင်ဒဏ်သင့် ပြည်သူများအား သွားရောက်တွေ့ဆုံပေးစကားပြောကြား သည်။ ၎င်းနောက် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်း၌ ကုန်တင်ယာဉ်ကြီးများ ဇာတ်ဆိပ်မှ ဖြတ်သန်းသွားလာမှုများ၊ ပို့တန်းရပ်ကွက်ရှိ ထူပါရုံစေတီ၊ တကောင်းရပ်ကွက်ရှိ မဟာစေတီ၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီနှင့် ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီးစေတီများရှိ သာသနိကအဆောက်အဦများ၊ အရန်စေတီများ ပြိုကျ ပျက်စီးမှုနှင့် အပျက်အစီးများရှင်း လင်းဖယ်ရှားနေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပို့တန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ယာယီကျောင်းဆောင် ဆောက်လုပ်နေမှု ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းနှင့် သောတပန်းရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်သင့် ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေ ဖြန့်ဝေပေးနေ မှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့ရိုးနေရာ၊ Sky Villa နေရာ၊ အောင်မြေသာစံမြို့နယ် ရှိ စန္ဒာမုနိ ဘုရား၊ မဟာမုနိဘုရားကြီးတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် တို့က သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်သင့် နေရာများရှိ အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်း လင်းရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲသို့ သွားရောက်၍ သွေးအလှူရှင်များနှင့် ဆေးကုသမှုခံယူနေသူများအား အာဟာရဖြည့်စားသောက်ဖွယ် ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ကျောက်ဆည်မြို့၊ ပြည်လုံး နိုင်ဗလီ၊ ကံဦးဗလီနှင့် ဆူးလေကုန်းဗလီတို့၌ အပျက်အစီးများ ရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အလှူငွေ များပေးအပ် လှူဒါန်းသည်။ ယင်းနောက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် ခရိုင်တရားရုံးတို့အား အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှု၊ အမှုတွဲများ စနစ်တကျထားရှိမှု၊ လုပ်ငန်းများ အဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ် ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။