နီပေါနိုင်ငံမှ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ ပြန်လည်ထွက်ခွာ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၁၁

Sunday, April 20, 2025 - 18:45

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများ၌ လူသားချင်းစာနာထောက်ထား မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်ပေးခဲ့ကြသည့် နီပေါနိုင်ငံမှ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့ ၁၆ ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ နီပေါနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြသည်။

အဆိုပါအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက နေပြည်တော် တပ်မတော် လေဆိပ်၌ ကျေးဇူးတင်စကားပြောကြား၍ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါအဖွဲ့များသည် ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။