အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြု

Sunday, April 20, 2025 - 18:30

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို့တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား
နေပြည်တော်၊ ဧပြီ  ၁၀
    မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက် တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများလာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း စဉ်များ ပြီးမြောက်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြန်လည်ထွက်ခွာမည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ် ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြု လုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။
    အခမ်းအနားသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအ မတ်ကြီး H.E. Dr. Md. Monwar Hossain၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
    ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်း ထန်သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ အတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင်  လှုပ်ခတ်ခဲ့သည့် ၇ ဒသမ ၇ ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ မြေငလျင်လှုပ် ခတ်ခြင်း၏ နောက်ဆက်တွဲအဖြစ် ယနေ့အချိန်အထိ ၁၁၂ ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း။
ထိုသို့ မြေငလျင်လှုပ်ခတ်မှုများကြောင့် နိုင်ငံတဝန်းတွင် လူနေအိမ် စုစုပေါင်း ၆ သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင် ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာရုံး/ အဆောက်အဦ ၃၆၇၈ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင်  တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ဆူ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ဦးရေ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူဦးရေ ၁၄၅ ဦးရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှ ဧပြီ ၉ ရက်အထိ မြန်မာနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံတကာမှ အရေးပေါ်ရှာဖွေကယ် ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့်  လူဦးရေ ၆၅၃ ဦးအား အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၇၁၈ ဦးတို့အား ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း။
ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ် ရေးလုပ်ငန်းများကို မြန်မာနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်ပေးခြင်း အပြင် နိုင်ငံတကာမှ ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီ ကယ်ဆယ်ရေး အထောက်အကူပြုအဖွဲ့များနှင့် ဆေးအဖွဲ့များကို စေလွှတ်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရနှင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီအနေဖြင့်လည်း မြေငလျင်ဒဏ်ကြောင့် ထိခိုက် ခဲ့ကြရသည့် ပြည်သူများကိုလည်း သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေး၍ လိုအပ် သော ကူညီထောက်ပံ့ပေးမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် Colonel Shamim Iftakhar နှင့် Colonel Nasir တို့ ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၊ ကူညီထောက်ပံ့ရေး အဖွဲ့များ၊ ဆေးအဖွဲ့များ၊ Structure Engineer အဖွဲ့များပါဝင်သည့် စုစုပေါင်း အင်အား ၅၅ ဦးတို့သည် ခေတ်မီရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်း ကိရိယာ အမျိုးအစား ၆၉ မျိုးတို့နှင့်အတူ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ အချိန် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရကြောင်း။    
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Colonel Nasir ဦးဆောင်သည့်ဆေးအဖွဲ့ကလည်း ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိချိန်မှစ၍ ဧပြီ ၃ ရက်နေ့အထိ နေပြည်တော်ကလေး အထူးကုဆေးရုံကြီးတွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်မှစ၍ ဇမ္ဗူသီရိမြို့နယ်ဆေးရုံတွင် အခြေပြု၍ လည်းကောင်း၊ ပျဉ်းမနား မြို့နယ်တွင်လည်း ရွေ့လျားဆေးခန်းအနေဖြင့်လည်းကောင်း၊ ပြည်သူ့ဆေးရုံ၊ လယ်ဝေး မြို့နှင့် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် လည်း ခွဲစိတ်ကုသမှု များ၌လည်းကောင်း မြန်မာနိုင်ငံမှအရေးပေါ်ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အကြီးစားခွဲစိတ်မှု ၄ ခုအပါအဝင် လူနာပေါင်း ၅၂၇ ဦးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ကို တွေ့ရကြောင်း။
အလားတူ Colonel Shamim Iftakhar ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၃  ရက်တွင်လည်း ငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ရပ်ကွက်၊ တိုက်အမှတ် ၁၃၃၈ တွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့နှင့်ပူးပေါင်းပြီး အဆောက် အအုံအတွင်း ပိတ်မိ/ ပိမိ နေသည့် ပျောက်ဆုံးနေသူအား ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ အဆိုပါနေရာတွင် သေဆုံးသူတစ်ဦးကို တွေ့ရှိရသည့်အတွက် နံရံနှင့် ကွန်ကရစ် ကြမ်း ခင်းပြားများကို ခက်ခက်ခဲခဲ ထိုးခွဲဖွင့်ဖောက် ဖြတ်တောက်ပြီး သေဆုံးသူ၏ အသက်မဲ့ခန္ဓာကိုယ်ကို  ထုတ်ယူပေးနိုင်ခဲ့သည့်အတွက် မိသားစုများ ကိုယ်စား  ကျေးဇူးအထူးတင်ရှိကြောင်းကို ပြောကြားလို ကြောင်း။
 ဧပြီ ၄  ရက် မနက်ပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အင်ဂျင်နီယာ အဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ဗဟိုမီးသတ်စခန်း (နေပြည်တော်) အဆောက်အအုံ၏ အန္တရာယ်ရှိသည့် အစိတ်အပိုင်းများ ရှင်းလင်းဖြိုချ ဖျက်ဆီးခြင်းကိုလည်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည့်အကြံ ဉာဏ်များပေးခဲ့မှု ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် နီပေါနိုင်ငံ နှင့် တူကီယဲနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များတွင် သွားရောက်ကူညီ ပေးခဲ့ကြသည့် အတွေ့အကြုံကောင်းများစွာရှိသည့်  အဖွဲ့တစ်ခု ဖြစ်သည်ကိုလည်း သိရှိရကြောင်း၊ အဆိုပါအတွေ့အကြုံများဖြင့် ပြိုကျ အဆောက်အဦအတွင်း ပိတ်မိ/ ပိမိ သူများ၊ အသက်ရှင်နေသူများနှင့် သေဆုံးနေသူများကို ရှာဖွေနိုင်ကယ်ထုတ်နိုင်ရုံ သာမက ထပ်မံပြိုကျနိုင်သည့် အဆောက်အဦအခြေအနေများကိုလည်း အကြံပြု ကူညီပေး ခဲ့သဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးများ များစွာရရှိခဲ့ပါကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ဆေးဘက်ဆိုင်ရာ ကုသမှုပေးနိုင်သည့် အတွေ့အကြုံ ရင့်ကျက်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များဖြစ်သောကြောင့် မြန်မာနိုင်ငံကို လာရောက် ကူညီ ဆောင်ရွက်ပေးခဲ့မှုများအပေါ်များစွာအားရ ကျေနပ်မိပါကြောင်းနှင့် ကျေးဇူးအထူးတင် ရှိကြောင်းကို ပြောကြားလိုကြောင်း။
ယခုကဲ့သို့ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှ မရှိဘဲ လူသားချင်းစာနာထောက်ထားမှု စိတ်ထား၊ ကိုယ်ချင်းစာစိတ်ထား အပြည့်အဝဖြင့် မိမိတို့နိုင်ငံရှိ ငလျင်ဘေးဒုက္ခရောက်ရှိကြရသည့် ပြည်သူများအပေါ် အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ပေးခြင်း၊ Mobile Clinic ဖြင့် ဆေးကုသပေးခြင်း တို့အတွက် စေလွှတ်ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ၊ လာရောက်ကူညီကယ်ဆယ်ပေးခဲ့ကြသည့် Colonel Shamim Iftakhar နှင့် Colonel Nasir တို့ ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain နှင့် သံရုံးအဖွဲ့ဝင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရ အဖွဲ့ကိုယ်စား၊ အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကိုယ်စား၊ ငလျင်ဘေးဒဏ်ခံစားရသောပြည်သူများနှင့် မိသားစုများကိုယ်စား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ပြည်သူများ အားလုံးက ကူညီဆောင်ရွက်ပေးခဲ့မှုများအတွက် အမြဲပင်အမှတ်ရနေမည်ဖြစ်ပါကြောင်း ပြောကြား သည်။ 
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ် ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ရာ အဖွဲ့များကိုယ်စား  ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူကြသည်။ 
အခမ်းအနားအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ 
အဆိုပါအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အေပြီ ၁၁ ရက်နေ့ တွင် ရန်ကုန် မြို့သို့ မြန်မာနိုင်ငံနှင့်ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများ လာရောက်ပို့ဆောင်မည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ရေယာဉ် ၁ စင်းနှင့်အတူ အေပြီ ၁၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။