မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ သမ္မတနှင့် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

Sunday, April 20, 2025 - 18:00

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ သမ္မတနှင့် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများဆက်လက်ပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၉

          ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှု ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ လူဝစ် အင်နာစီအို လူလာ ဒါ စီးလ်ဗား ကလည်းကောင်း၊ နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံ၊ သမ္မတဟောင်း မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ကလည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။

အဆိုပါ သဝဏ်လွှာများတွင် မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့် ငလျင်ကြောင့် သေဆုံးသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် ဝမ်းနည်း ကြေကွဲရပါကြောင်း၊ သေဆုံးသူအရေအတွက် အများအပြားနှင့် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများအတွက် မိမိတို့အနေဖြင့် အထူးပင်ဝမ်းနည်းမိပါကြောင်း၊ ဤဝမ်း နည်းဖွယ်ဖြစ်ရပ်ကြောင့် ငလျင်ဘေးသင့်သူများအားလုံးသို့ အဆွေတော်မှတစ်ဆင့် မိမိ၏စိတ်ခွန်အားကို ပေးလိုပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများ အားလုံး အမြန်ဆုံးပြန်လည်ကျန်းမာပါစေကြောင်း စိတ်ရင်းစေတနာဖြင့် ဆန္ဒပြု အပ်ပါကြောင်း၊ ငလျင်ကြောင့် အသက်အိုးအိမ်များဆုံးရှုံး၍ ပစ္စည်းဥစ္စာများ ပျက်စီးခဲ့မှု အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများအနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အားသွန်ခွန်စိုက်ဖြင့် ကြိုးပမ်းအားထုတ် လုပ်ဆောင်နေမှုများနှင့် ပျက်စီးခဲ့သည့် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်မှုများကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဖော်ပြထားကြောင်း သတင်းရရှိသည်။