ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၈ ရက်

Sunday, April 20, 2025 - 18:00

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။
     ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကေလာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရားများ ပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ကေလာကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော်၍ အလှူငွေ များ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်နေမှုများကို လိုက်လံ ကြည့်ရှုကြသည်။ ၎င်းနောက် သာလေးကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ ဖောင်တော်ဦး ဘုရားသို့ သွားရောက်၍ ဘုရားရင်ပြင်တော်၌ စကျင်ကျောက်များ ခင်းကျင်းထားရှိမှု၊ စေတီတော်ပြန်လည်တည်ဆောက်မည့် အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည် များ မှာကြားသည်။ ယင်းနောက် နန့်ပန်ကျေးရွာအုပ်စု၊ နောင်ကန်ဘုန်းတော်ကြီး ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ငလျင်ဒဏ်သင့်ပြည်သူ့များအား တွေ့ဆုံအားပေး စကားပြောကြားကာ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ နမ့်ပန်ကျေးရွာ၊ ဟိုတယ်ဇုန်လှေဆိပ်၌လည်းကောင်း၊ ကေလာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌လည်းကောင်း၊ နန်းဟူးကျေးရွာ၊ ဖောင်တော်ဦး ဘုရား၌လည်းကောင်း စုစုပေါင်းငါးကောင်ရေ ၅၀၀၀၀ အား စုပေါင်းငါးများ လွှတ်ပေး ခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည်  ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားနှင့် အရန်စေတီတော်များ၊ သာသနိက အဆောက် အဦများ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပျက်အစီးများ စုပေါင်းရှင်းလင်းဖယ်ရှား နေမှုများအား ကြည့်ရှု၌ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စေတီတော်ကြီး၏ ဂေါပက အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် အရန်စေတီတော်များ၊ သာသနိက အဆောက် အဦများအား ပြန်လည်ဖယ်ရှားရှင်းလင်းရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ သာသနိကအဆောက်အဦများ၊ အရန်စေတီများအား  ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ ပါရမီရပ်ကွက်ရှိ၊ ဂန္ဓာရုံဘုန်း တော်ကြီးကျောင်း၌ ငလျင်ဒဏ်သင့်ပြည်သူများအား ဆေးကုသပေးနေမှုများကို လည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီများနှင့် သာသနိကဆောက်အဦများ၊ အရန်စေတီများ ပြိုကျပျက်စီမှုများအားလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းအားလည်းကောင်း၊ မြို့ပေါ်ရှိ လူနေအိမ်များ ပြိုကျပျက်စီးမှုများအား လည်းကောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင့်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ရှိ မန္တလေးတောင်ခြေရှိ ဇိနောဒယ သီလရှင်စာသင်တိုက်၊ ခင်မကန်ကျောင်းတိုက်၊ ချမ်းမြသာစည်ပရိယတ္တိစာသင်တိုက်၊ ချမ်းအေးသာစံမြို့နယ်၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းများသို့ သောက်သုံးရေ၊ ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများအား သွားရောက် လှူဒါန်းကြပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် မန္တလေးမြို့ရှိ အင်ကြင်းကွန်ဒို၊ ဂရိတ်ဝေါ(လ်)ဟိုတယ်တို့တွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ ချမ်းမြသာစည် လေယာကွင်းအဟောင်းနှင့် မန္တလာသီရိအားကစားကွင်းတို့၌ ပြည်ပနိုင်ငံများမှ ဆေးအကူအညီပေးရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးကုသပေးနေမှုများကို လည်း ကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် မန္တလေးမြို့၊ သမိုင်းဝင်အရိပ်မထွက် ဘုရားကြီး၊ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ မဟာစန္ဒာမုနိဘုရားကြီးနှင့် စတုဘုမ္မိကကျွန်းကျောင်းမဂ္ဂင်ရိပ်သာနှင့် မိုးကုတ်ဆရာတော်ကြီး သီတင်းသုံးနေထိုင် တော်မူသော မင်္ဂလာတိုက်ကျောင်း တို့အား သွားရောက်၍ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌  အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှုများအားလည်းကောင်း၊ ကျောက်သေတ္တာစေတီ ရွှေ့လျားသွားမှုအခြေအနေများအား နေ့ညမပြတ် CCTV ဖြင့်စောင့်ကြည့်နေမှု အခြေအနေများအားလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် နေရာများအားလည်းကောင်း သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ စေတနာရှင် အလှူရှင်များကလှူဒါန်းသော လှူဖွယ်ပစ္စည်းများအား လက်ခံခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ယင်းနောက် ကျောက်ဆည်မြို့၊ ဆင်မင်းဘိလပ်မြေစက်ရုံ၌ လုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ဆက်လက်၍ ဆင်မင်းဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံနှင့် အယ်ဖာဘိလပ်မြေစက်ရုံများသို့သွားရောက်၍ အပျက်အစီးများအမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးရရှိ အောင်ဆောင်ရွက်ရေး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ဖော်လည်ပတ်နိုင်ရေး တို့အားမှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊  ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း   ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူ များအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရေးအတွက် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့် များ၊ သောက်သုံးရေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။