မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်အကြီးအကဲ Mr. Rustan Minnikhanov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

Sunday, April 20, 2025 - 17:15

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန်ပြည်နယ်အကြီးအကဲ Mr. Rustan Minnikhanov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၈

          ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှု ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တာတာစတန် ပြည်နယ်အကြီးအကဲ Mr. Rustan Minnikhanov က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် အဆွေတော်၏နိုင်ငံကို အင်အားပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့သည့်အပေါ် လွန်စွာဝမ်းနည်းမိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုဘေးအန္တ ရာယ်၏ အကျိုးဆက်ကြောင့် ထိခိုက်နစ်နာသူများအားလုံးနှင့် မြန်မာပြည်သူများ အားလုံးကို အမှန်တစ်ကယ် စာနာပါကြောင်း၊ မိမိအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့များ အားလုံးနှင့် ဒဏ်ရာရရှိသူများအား ကူညီရန်အတွက် မပင်မပန်း ဆောင်ရွက်ပေးနေ သည့် လုပ်အားပေးသူများအားလုံးကို ထောက်ခံလျက်ရှိပါကြောင်း၊ ယခုကာလ အတွင်း လူသားအချင်းချင်း စည်းလုံးမှုများသည် ကြုံတွေ့နေရသည့် အခက်အခဲများ အားလုံးကို ကျော်လွှားနိုင်ကြောင်းကို ပြသလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဆုံးရှုံးမှု များနှင့် ဝမ်းနည်းကြေကွဲမှုများကို အဆွေတော်နှင့် မြန်မာပြည်သူများနှင့်အတူ ဝမ်းနည်းပူဆွေးလျက်ရှိပါကြောင်းဖြင့် ဖော်ပြထားကြောင်း သတင်းရရှိသည်။