မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးသုံး အထောက်အကူပြုပစ္စည်းများထပ်မံရောက်ရှိ နေပြည်တော် ဧပြီ ၅

Saturday, April 5, 2025 - 04:00

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည့်အပြင်နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေး အဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည်မြန်မာနိုင်ငံသို့ နေ့ရက်အလိုက် ရောက်ရှိကြသည်။

ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ရှာဖွေကယ် ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့်သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများသည် နေပြည်တော်ရှိ တပ်မတော် လေဆိပ်သို့ ရောက်ရှိလာကြသည်။

ယနေ့ရောက်ရှိကြသည့် နိုင်ငံအလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန် များနှင့် သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန် ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီးအဆိုပါကယ်ဆယ်ရေးအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများကိုအချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။