မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိ

Saturday, April 5, 2025 - 03:45

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၅

          ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက် ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက် ပေးပို့ကြသည်။

          အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် နီပေါတပ်မတော်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး Ashok Raj Sigdel ကလည်းကောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ အတွင်းရေးမှူးချုပ် H.E. Mr. Nurlan Yermekbayev ကလည်းကောင်း၊ အစ်ဆွာတီးနီနိုင်ငံ ဝန်ကြီးချုပ်  H.E. Russell Mmiso Dlamini ကလည်းကောင်း၊ သီရိလင်္ကာနိုင်ငံ စိယံနိကာယ မာလ်ဝတ္တဂိုဏ်း (Malwatta Chapter) ၏ မဟာနာယက ဆရာတော် Ven. Tibbatuwawe Sri Siddharatha Sumangala Mahanayaka Maha Thero နှင့် စိယံနိကာယအစိဂိရိဂိုဏ်း (Asgiriya Chapter) ၏ မဟာနာယက ဆရာတော် Van. Warakagoda Dhammasiddhi Sri Gnanarathana Mahanayaka Naha Thero တို့ကလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

          အဆိုပါ သဝဏ်လွှာများတွင် မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့်  အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သံဃာတော်အဖွဲ့ အစည်းများနှင့် ငလျင်ဒဏ်ခံစားရသူများ အားလုံးနှင့်အတူရှိနေပါကြောင်း၊ မြန်မာ ပြည်သူများ၏ ပူဆွေးသောကကို စာနာနားလည်ပါကြောင်း၊ မြန်မာပြည်သူများ ခံနိုင် ရည်ရှိစွာဖြင့် ခက်ခဲသောကာလမှ အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေကြောင်း၊ ကျန်ရစ်သူ များအနေဖြင့် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုတို့ဖြင့် မိမိတို့ဘဝများကို ပြန်လည် တည်ဆောက်နိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း၊ ဘုရား၏ အဆုံး အမများနှင့် ဂရုဏာတရား၊ မေတ္တာတရားများဖြင့်စိတ်သက်သာမှုရရှိကာ အမြန်ဆုံး ပြန်လည် ကုစားနိုင်ကြပါစေကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ တပည့်သားများအနေဖြင့် အရာ ခပ်သိမ်းမမြဲခြင်းဟူသည့် အမှန်တရားကို နားလည်ထားပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအဓွန့်ရှည် တည်မြဲရေး အတွက် ကြီးမားစွာ ပံ့ပိုးကူညီလျက်ရှိသည်ကို ကမ္ဘာတစ်ဝန်းက ထာဝရကျေးဇူးတင် ဂုဏ်ပြုလျက်ရှိပါကြောင်း၊   အသက်ဆုံးရှုံးမှုများနှင့် များစွာသောပျက်စီး ဆုံးရှုံးမှုများ ကိုသိရှိရသည့်အတွက် အလွန်ပင်ကြေကွဲဝမ်းနည်းရပါကြောင်း၊ ထိခိုက် ခံစားရသည့် မိသားစုဝင်များကို စာနာထောက်ထားကြောင်း၊ ထိခိုက်နစ်နာသူများ အားလုံး လျင်မြန်စွာပြန်လည် ထူထောင်နိုင်ရေးအတွက် ဆုတောင်းပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများအားလုံး သဘာဝဘေး အန္တရာယ်၏ အကျိုးဆက်များကို ရင်ဆိုင်ကျော်လွှားဖယ်ရှားနိုင်သည့် ခွန်အားနှင့် သတ္တိရှိကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ဖြင့် အသီးသီး ဖော်ပြထား ကြကြောင်း သတင်းရရှိသည်။