နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ၊ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့အား လက်ခံတွေ

Saturday, April 5, 2025 - 03:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ၊ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဖြစ်သူ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Seri Utama Haji Mohamad Haji Hasan နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ မလေးရှား နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ ပြင်းထန် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ချိန်တွင် ကူညီကယ်ဆယ် ရေးအဖွဲ့များ စေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ပေးခဲ့သည့်အခြေအနေများ၊ လာရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ များအနေဖြင့် မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် အတူ ကူညီကယ်ဆယ်မှုများကို ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ အသေးစားခွဲစိတ်မှုများ ဆောင် ရွက်နိုင်သည့် ရွေ့လျားဆေးရုံများ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ငလျင်ဒဏ် သင့်ဒေသများ၌ အစားအသောက်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်လျက် ရှိမှုနှင့် အပျက်အစီးများဖယ်ရှားရေးအတွက် စက်ကိရိယာပစ္စည်းများ လိုအပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။