ငလျင်ဘေးသင့် ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာမှ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ပစ္စည်းများ၊ ဆေးဝါးများနှင့် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့များ သည် လေကြောင်းခရီးများဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ နေ့စဉ် ရောက်ရှိ လျက်ရှိသည်။
ယနေ့တွင် စင်ကာပူနိုင်ငံမှ ဆရာ၀န်များနှင့် သူနာပြုဆေး အဖွဲ့များ၊ လာအိုနိုင်ငံတို့မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ပစ္စည်း များနှင့် ဆေးဝါးများ၊ ဘူတန်နိုင်ငံမှ ဆရာ၀န်များနှင့် သူနာပြုဆေး အဖွဲ့များ၊ ဆေး ပစ္စည်းများ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီရှားနိုင်ငံတို့မှ လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ ထောက်ပံ့ ပစ္စည်းများနှင့် ဆေးဝါးများ နေပြည်တော် တပ်မတော် လေဆိပ်သို့ ရောက်ရှိကြသည်။
အဆိုပါအဖွဲ့များသည် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ ဆေးဝါးကုသမှုလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုသို့ ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးနှင့် ဆေးကုသမှုအဖွဲ့များကို လူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက နေပြည်တော် တပ်မတော်လေဆိပ်၌ ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။