မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိ

Friday, April 4, 2025 - 03:30

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၄

          ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက် ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက် ပေးပို့ကြသည်။

          အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် ကမ္ဘောဒီးယားနိုင်ငံ ဓမ္မယုတ္တိက နိကာယ သံဃာအဖွဲ့အစည်း၊ မဟာသံဃာရာဇာ ဓိပတိ ဆမ်ဒက် ပရယ် အဘိသီရိဂန္ဓ ကိတ္တိ ဥဒ္ဒေသ မဏ္ဍိတ ဘူကရီး ကလည်းကောင်း၊ ရုရှုားဖက်ဒရေးရှင်း နိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ မြို့တော်ဝန် အလက်ဇန္ဒား ဘယ်ဂ်လော့က လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

          အဆိုပါ သဝဏ်လွှာများတွင် မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့်  အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အနေဖြင့် ဝမ်းနည်းကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ သံဃာတော်များအနေဖြင့် ကျန်ရစ်သူမိသားစု၊ ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သံဃာတော်အဖွဲ့အစည်းများနှင့် ငလျင်ဒဏ်ခံစားရသူများ အားလုံးနှင့်အတူရှိနေပါ ကြောင်း၊ မြန်မာပြည်သူများ၏ ပူဆွေးသောကကို စာနာနားလည်ပါကြောင်း၊ မြန်မာ ပြည်သူများခံနိုင်ရည်ရှိစွာဖြင့် ခက်ခဲသောကာလမှ အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေ ကြောင်း၊ ကျန်ရစ်သူများအနေဖြင့် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုတို့ဖြင့် မိမိတို့ဘဝ များကို ပြန်လည်တည်ဆောက်နိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း၊ ဘုရား၏ အဆုံး အမများနှင့် ဂရုဏာတရား၊ မေတ္တာတရားများဖြင့်စိတ်သက်သာမှုရရှိကာ အမြန်ဆုံး ပြန်လည်ကုစားနိုင်ကြပါစေကြောင်း၊ အသက်ဆုံးရှုံးမှုများနှင့် များစွာသောပျက်စီး ဆုံးရှုံးမှုများကိုသိရှိရသည့်အတွက် အလွန်ပင်ကြေကွဲဝမ်းနည်းရပါကြောင်း၊ ထိခိုက် ခံစားရသည့် မိသားစုဝင်များကို စာနာထောက်ထားကြောင်း၊ ထိခိုက်နစ်နာသူများ အားလုံး လျင်မြန်စွာပြန်လည်ထူထောင်နိုင်ရေးအတွက် ဆုတောင်းပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများအားလုံး သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်များကို ရင်ဆိုင်ကျော်လွှားဖယ်ရှားနိုင်သည့် ခွန်အားနှင့် သတ္တိရှိကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ဖြင့် အသီးသီး ဖော်ပြထားကြကြောင်း သတင်းရရှိသည်။