မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် စင်ကာပူနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ် များသည် ယနေ့နံနက် ၅ နာရီခွဲတွင်လည်းကောင်း၊ ၁၀ နာရီ ၄၀ တွင်လည်းကောင်း၊ ၁၀ နာရီ ၄၂ မိနစ်တွင်လည်းကောင်း၊ နေ့လယ် ၂ နာရီ ၅၀ တွင်လည်းကောင်း ရန်ကုန်မြို့သို့ရောက်ရှိကြ သည်။
အဆိုပါလေယာဉ်များဖြင့် ရွက်ဖျင်တဲများ၊ ဆေးပစ္စည်းများနှင့် အထွေထွေ လူသုံးကုန်ပစ္စည်းများ ၄၆၃၇၄ Kg ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံသံအမတ်ကြီး H.E.Ms Chan Yuen Ying Vanessa Elisabeth နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် တာဝန်ရှိသူတို့က လက်ခံကြိုဆိုခဲ့ကြသည်။
အဆိုပါ ရောက်ရှိလာသည့်ပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီမှဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များ ပေါ်သို့တင်ဆောင်ပြီး ငလျင် ဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။