၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် အင်အားပြင်းမြေငလျင် လှုပ်ရှားမှုကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာရှိ သာမိုင်းခမ်းရွှေချမ်းသာဘုရား ကြီးနှင့် စေတီပုထိုးများ၊ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးမှုများအား ရှင်းလင်းဖယ်ရှား၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်နေမှုများအား သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သာမိုင်းခမ်းမွေတော်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဘုရားကြီးပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့အပြင် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ ဇောတိရပ်ကွက်ရှိ မယ်ကောမိစေတီတော်နှင့် ကလောမြို့နယ်၊ ရေယားကျေးရွာအုပ်စု၊ ဝိဇ္ဇာတောင်ပေါ်ရှိ စေတီပုထိုးများ ပြိုကျပျက်စီးမှုများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ အေပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မန္တလာသီရီ အားကစားကွင်းတွင် ယာယီဆေးရုံ ဖွင့်လှစ်၍ ငလျင်ဒဏ်သင့်ပြည်သူများအား ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဆေးအကူအညီ ပေးရေးအဖွဲ့က ဆေးကုသပေးရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆေးကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ကျောက်ဆည် တပ်နယ်မှ တာဝန်ရှိသူများကလည်း ကျောက်ဆယ်မြို့တွင် ရောက်ရှိနေသည့် လာအိုနိုင်ငံမှ ဆေးအကူအညီပေးရေးအဖွဲ့က ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆေးကုသပေးနေမှု အခြေအနေများအား သွားရောက် ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ နည်းပညာတက္ကသိုလ်၊ ကျောက်သေတ္တာကျောက် ဆောင်ဘုရား၊ Bright Kids School နေရာများနှင့် ပလိပ်မြို့ရှိ ပညာစံအိမ် အထက်တန်းကျောင်းတို့အား အပျက်အစီး ရှင်းလင်းဖယ်ရှား၍ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်နေမှုများအားလည်းကောင်း၊ ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၌ လာအိုနိုင်ငံ ဆေးအကူအညီ ပေးရေးအဖွဲ့က ဆေးကုသပေးနေမှု အခြေအနေများအားလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ပင်းချားတံတားအားလည်းကောင်း၊ တံတားဦးမြို့ရှိ အထေွထွေ အုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ အင်းဝရှေးဟောင်းနယ်မြေရှိ သမိုင်းဝင်မဟာ မုနိဘုရား၊ လေးထပ်ကြီးကျောင်း၊ ပြတိုက်၊ ဗားကရာကျောင်း၊ နန်းမြှင့်မျှော်စင်၊ မယ်နုအုတ်ကျောင်း၊ အိုးထုတ္တန်းဆိပ်ကမ်းနှင့် မြို့ရိုးနေရာများအား သွားရောက် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် အဖွဲ့များသည် မန္တလေးနန်းမြို့ရိုး အနောက်ဘက် လမ်း ၈၀ နှင့် တောင်ဘက် ၂၆ လမ်း လမ်းဘေးဝဲယာတွင် ငလျင်ဒဏ်သင့်ပြည်သူများ ယာယီနေထိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်မှ ဆောက်လုပ်ပေးနေသည့် တဲများတွင် ဝင်ရောက်နေထိုင် နေသည့် ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက် အားပေးစကား ပြောကြားပြီး သောက်ရေအဆင်ပြေစေရန်အတွက် ရေသန့်စက် ၂ လုံး ဆောက်လုပ်နေသည့်နေရာများသို့လည်းကောင်း၊ မန္တလေးမြို့ ဇီဝိတဒါနသာသနာ့ အထူးကုဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ပြိုကျနေသည့် နေရာများအား လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့သည် မန္တလေးမြို့၊ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ဘုရားကြီးရင်ပြင်တော်တွင် ပြိုကျပျက်စီးမှုများ အား ရှင်းလင်းဖယ်ရှားနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်၌ အပျက်အစီးများရှင်းလင်းစဉ် ရှာဖွေ့တွေ့ရှိရသော စိန်ဖူးတော်နှင့် ရတနာ ပစ္စည်းများအား တာဝန်ရှိသူများက ဘုရားကြီး၏ ဂေါပကထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော သမိုင်းဝင်လောကမာရဇိန်နန်းဆော်ဦးစေတီတော်မြတ်ကြီးအား သွား ရောက်ဖူးမြော်၍ ပြန်လည်တည်ထားကိုးကွယ်မည့် ထီးတော်များအား အမွှေးနံသာရည် များ ပတ်ဖြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ကန်သာဗလီဝတ်ပြုကျောင်းအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တွေ့ဆုံအားပေးစကား ပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်နေရာများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌လည်း ကောင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများကလည်း ငလျင် ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ငလျင်ဒဏ်သင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အစားအသောက် များ ချက်ပြုတ်၍ ထမင်း၊ ဟင်းများ လှူဒါန်းခြင်း၊ သောက်ရေသန့်နှင့် အသုံးအဆောင် ပစ္စည်းများလှူဒါန်းခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။