ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel ၌ ပိတ်မိနေသည့် အမျိုးသား ၁ ဦးအား ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့တွင် အသက်ရှင်လျက် ကယ်ဆယ်ရရှိ နေပြည်တော်၊ ဧပြီ - ၂

Wednesday, April 2, 2025 - 13:30

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁ x ၃၂ လမ်းကြား၊ ၆၅ လမ်းရှိ Golden City Hotel ပြိုကျမှုတွင် ၅ ရက်ကြာ ပိတ်မိနေသည့် ဟိုတယ်ဝန်ထမ်း ဖြစ်သူ ဦးစန်းလွင် အသက် ၅၃ နှစ် အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တရုတ် နိုင်ငံ၊ Blue Sky Rescue ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ နေ့မအားညမနား အင်တိုက်အားတိုက် ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၅ နာရီ ၄၆ မိနစ်ခန့်တွင် အသက်ရှင်လျက်အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် မန္တလေးမြို့၊ မန္တလာဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။