အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဧပြီ - ၂

Wednesday, April 2, 2025 - 13:30

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
    အစည်းအဝေးသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက် ရောက်ကြသည်။ 
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက် ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများ အများဆုံး ဖြစ်ပေါ်ခဲ့သည့် ဒေသများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ စေလွှတ်ပေးနေမှုနှင့် လူသားချင်း စာနာသည့် စိတ်ဖြင့် အားတတ်သရော ကူညီပေးမှုများအတွက် များစွာကျေးဇူးတင်ရှိပါ ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်းသာဟိုတယ်တွင် ၅ ရက်ကြာ ပိတ်မိနေသည့် ဟိုတယ် ပြင်/ထိန်း ဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်ရှိ မောင်နိုင်လင်းထွန်း အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး) တပ်ဖွဲ့ဝင်များနှင့် တူရကီ (တူကီယဲ) နိုင်ငံမှ GEA Search and Rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဧပြီ ၁ ရက် ညနေ ၃ နာရီမှ စတင်ကယ်ထုတ်ခဲ့ရာ ရှာဖွေကယ်ဆယ်မှု ကိုးနာရီခွဲကြာြမင့်ခဲ့ပြီး ည ၁၂ နာရီခွဲအချိန်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် အသက် ၂၆ နှစ်အရွယ် ထက်မောင်မောင်ကိုလည်း ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်မှုကြာချိန် ၃ နာရီ ၅၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အသက်ရှင်လျက် အောင်မြင်စွာ ထပ်မံကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုသို့ ရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ ကုသိုလ် ကံ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ၏ ကြိုးပမ်းမှုနှင့် အဆင့်မြင့် နည်းပညာအကူအညီနှင့် ကယ်ဆယ်ရေးအတွေ့အကြုံများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာကို ဖိတ်ခေါ်ဆောင်ရွက် မှုများကြောင့် နိုင်ငံတကာမှအသုံးပြုသည့် နောက်ဆုံးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထိတွေ့ခွင့်ရရှိပြီး နည်းပညာအသုံးချမှုများနှင့် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများ၏ စွမ်းပကားများကို တစ်ဖက်မှလည်း လေ့လာ ခွင့်ရခဲ့ကြောင်း၊ ယင်းသည် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ ကောင်း များဖြစ်ပါ ကြောင်း၊ နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဒုက္ခရောက်နေသည့် နိုင်ငံသားများအနေဖြင့် အသက်ရှင်ခွင့်ရသလို ပြည်တွင်းမှ ကယ်ဆယ် ရေးအဖွဲ့များအနေဖြင့်လည်း ၎င်းတို့အသုံးပြုသည့် တန်ဖိုးမဖြတ်နိုင်သည့် နည်းပညာများ၊ ခေတ်မီစက်ပစ္စည်း အသုံးပြုမှုပညာရပ်များကို မျှဝေရရှိကြောင်း၊ ယမန်နေ့က နိုင်ငံတကာမှ ကယ်ဆယ်ရေးအတွက် လာရောက်သည့် လေယာဉ်အခေါက် ရေ ၄၉ ခေါက်ဖြစ်ရာ လက်ရှိအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့ဝင် အင်အား ၁၉၁၅ ဦး၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၇၁၄ တန် ကျော် ရောက်ရှိပြီဖြစ် ကြောင်း၊ အဆိုပါ ရောက်ရှိ လာသည့် ကယ်ဆယ်ရေးပစ္စည်းများကို မြန်မြန်ရောက် မြန်မြန်ပို့၊ မြန်မြန်ဖြန့်စနစ်ဖြင့် ဆောင်ရွက်နေပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိပါက အရန်လုံးဝ မထားဘဲ ငလျင်ဒဏ်သင့်ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ရန် ညွှန်ကြားထားကြောင်း၊ မတ် ၂၈ ရက်မှ ယနေ့ အထိ ပြင်းထန်မြေငလျင်၏ နောက်ဆက် တွဲမြေငလျင်များ လှုပ်ရှားမှုမှာ ၅၇ ကြိမ်ရှိပြီဟု ထုတ်ပြန်ထားသည့်အတွက် သတိလက် လွတ်မဖြစ်စေဘဲ နေထိုင်သွားလာကြရန် လိုအပ်ကြောင်း၊ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ သည့် ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်၊ အလှူ ရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင်လည်း အားတက်တရော လှူဒါန်းကြသည့်အတွက် ကြည်နူးဝမ်း မြောက်ဖွယ်တွေမြင်ရပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် ဝန်ကြီးဌာန များမှ လှူဒါန်းမှုအနေဖြင့် စုစုပေါင်းအလှူငွေကျပ် သိန်းပေါင်း ၁၂၆၄၈၈၁ ကျပ် ရရှိခဲ့ကြောင်း၊ အဆိုပါ လှူဒါန်းငွေများကိုလည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် စနစ်တကျ စီမံသုံးစွဲရန် လိုအပ်ကြောင်း။
 ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံး အဆောက်အဦများနှင့်ပတ်သက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင် ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ စားသောက်ရေးအဆင်ပြေစေရေးနှင့် ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ်နေရာချထားပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ စီစဉ်ရာ တွင် မိုးတွင်းကာလနှင့်ချိန်ညှိ၍ မိုးရာသီမတိုင်မီ မိုးလုံလေလုံ ယာယီ/အမြဲတမ်း အဆောက်အဦများ ဆောင်ရွက်ထားရန်မှာ အရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် ပျက်စီးနေသည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရန်၊ ဒုတိယအဆင့်အနေဖြင့် နေထိုင်ရန် မသင့်သည့် ယိုင်နဲ့နေသည့် နေအိမ်များကို ဖြိုဖျက်ရန်၊ တတိယအဆင့်အနေဖြင့် ကျန်အဆောင်အဦများကို ဆက်လက်အသုံးပြုရန်သင့်/မသင့် စစ်ဆေးရန်နှင့် နောက်ဆုံးအနေဖြင့် တည်ဆောက်ရေး အပိုင်းဖြစ်ကာ တည်ဆောက်ရေးဆောင်ရွက်ရာတွင် လက်ရှိနေရာတွင်ပင် တည်ဆောက် ရန် သင့်/ မသင့်ကို ဘူမိဗေဒပညာရှင်များ၊ ငလျင်ပညာရှင်များ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များနှင့် တိုင်းတာစစ်ဆေးရန်ဖြစ်ပြီး တည်ဆောက်ရန်မသင့်ပါက သင့်တော်သည့် အခြားမြေ နေရာရှာဖွေတည်ဆောက်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း အိမ်ရာများ၏ အားနည်းချက်မှာ အိမ်ရာများတွင် ဝန်ကြီးဌာနအလိုက် သီးသန့်စီစဉ် နေထိုင်ခြင်း မဟုတ်သည့်အတွက် စီမံဆက်သွယ်ဆောင်ရွက်မှုများ၌ ကန့်သတ်ချက်အချို့ တွေ့ရှိရ၍ ပြန်လည်တည်ဆောက်ရေးနှင့် နေရာချထား ရေးဆောင်ရက်ရာတွင် ဝန်ကြီးဌာနအလိုက် တစ်စုတစ်စည်းထဲ နေရာချထားရန်လိုအပ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ကော်မတီများအလိုက် လုပ်ငန်းဆောင် ရွက်ချက်များ၊ ဆောင်ရွက်နေဆဲကိစ္စရပ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ယာယီပြန်လည်နေရာချထား ရေးကိစ္စရပ် များနှင့် အမြဲတမ်း နေရာချထားရေး ကိစ္စရပ်များကို ထိထိရောက်ရောက် ဆွေးနွေးကြရန် လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။ 
    ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဒုတိယဥက္ကဋ္ဌ (၂) လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း တို့က မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေမှု၊ နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင် ရွက်နေမှု၊ ငလျင်ဒဏ်သင့်ဒေသများတွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားမှု၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ ရောက်ရှိမှု၊ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများကို စနစ်တကျဖြန့်ခွဲနေရာချထားပေးမှု၊ ဆက်သွယ်မှုလမ်းကြောင်း များ မပြတ်တောက်စေရန် ပျက်စီးသွားသည့် လမ်း၊ တံတားများအား ယာယီသွားလာ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ပေးထားမှု၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များကို ထောက်ပံ့ပေးအပ်လျက်ရှိမှု၊ မြေပြင် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူလျက်ရှိမှု၊ AHA Center ၊ နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ အလှူငွေများနှင့် ထောက်ပံ့ ရေးပစ္စည်းများ လက်ခံရရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
    ယင်းနောက် ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားတင်ပြသည်။  
    ထို့နောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့က မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုအခြေအနေများ၊ ကယ်ဆယ်ရေးလေယာဉ်များနှင့် ပစ္စည်းများ ရောက်ရှိမှု အခြေအနေများ၊ ငလျင်ဒဏ်ကြောင့် သာသနိကအဆောက်အဦများ၊ အခြားဘာသာရေး အဆောက်အဦများ၊ နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ သံဃာတော်များ၊ အရပ်သားပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများ၊ ငလျင်ဘေးဒဏ် ခံစားရသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာန အသီးသီးအလိုက် စားသောက်၊ နေထိုင်မှုနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားမှုအခြေအနေများ၊ ရှာဖွေကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာမှ ကမ်းလှမ်းထားသည့် အခြေအနေ များ၊ စိုက်ပျိုးမြေများနှင့် တာ၊ တမံများ ပျက်စီးမှု၊ နိုင်ငံတကာ မျက်နှာစာတွင် လက်ရှိဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ သိရှိနိုင်ရေး၊ ယာယီဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ကယ်ဆယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင် ရေးအတွက် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ အဆင်သင့်စုဖွဲ့ထားရှိမှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။ 
    ဆွေးနွေးတင်ပြမှုများအပေါ် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆောက်အဦများအား ပြန်လည်တည့်မတ်ရန်အတွက် လုံလောက်သည့် ပစ္စည်းကိရိယာများ ရရှိရေး၊ ယာယီဆေးရုံများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ သံဃာတော်များ၏ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စနှင့် ယာယီကျောင်းဆောင်များ အဆင်ပြေမှု ရှိစေရေး၊ အဆောက်အဦများ ပျက်စီးဆုံရှုံးသွားသည့် ပြည်သူများနှင့် ဝန်ထမ်းများအား နေရာချထားနိုင်ရေးအတွက် မိုးရာသီမတိုင်မီ နှစ်လအတွင်း အနိမ့်ဆုံးအဆင့် ယာယီ အမိုးအကာရရှိအောင် စီမံဆောင်ရွက်ရေး၊ အဆောက်အဦများ ပျက်စီးမှု၊ ဖြိုချရန်လိုအပ်မှု နှင့် နေထိုင်ရန်သင့်/ မသင့်တို့ကို အမြန်ဆုံးစာရင်းကောက်ယူရေး၊ အဆောက်အဦများကို ဖြိုချရသည်ဖြစ်စေ၊ အပျက်အစီးများကို ဖယ်ရှားရသည်ဖြစ်စေ မိသားစုပိုင်ပစ္စည်းများကို ပြန်လည်ရရှိနိုင်ရေးအတွက် စနစ်တကျစီမံပြုလုပ်ရေး၊ နိုင်ငံတကာအကူအညီများ လွယ်ကူချောမွေ့ အဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် လမ်းခရီးကန့် သတ်ချက်များနှင့် အကြမ်းဖက်သမားများ၏ နှောင့်ယှက်မှုများရှိနေသောကြောင့် လုံခြုံရေးကိစ္စရပ်များအဆင်ပြေစေရန် ကယ်ဆယ်ရေးယာဉ်နှင့်ကယ်ဆယ်ရေးအဖွဲ့များ ဖြစ်ကြောင်းကို သိသာထင်ရှားသည့် အမှတ်အသားများ ပြုလုပ်၍ ခွင့်ပြုချက်၊ စီမံချက်တို့ ဖြင့် စနစ်တကျ စေလွှတ်ပေးနိုင်ရေး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူများ၊ ဒဏ်ရာရရှိ သူများအပေါ် ထောက်ပံ့ကြေးများ အမြန်ဆုံးထုတ်ပေးနိုင်ရေးနှင့် အရေးပေါ် စားနပ် ရိက္ခာများထောက်ပံ့ပေးနိုင် ရေး၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိရေး၊ လျှပ်စစ်မီး လျင်မြန်စွာရရှိရေးနှင့် စေတနာရှင်များ၏ ယန္တရား တစ်အုပ်တစ်မ အကူအညီပေးထားမှု များအပေါ် အမှန်တကယ်လိုအပ်သည့် လမ်း၊ တံတားနှင့် အဆောက်အဦ နေရာများတွင် အသုံးပြုနိုင်ရေးအတွက် စနစ်တကျစီမံ၍ အကျိုးရှိအောင် ဆောင်ရွက်ရေး၊ ပြည်သူများ အနေဖြင့် သဘာဝဘေး နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအချက်များ နှင့် သတင်းများကို စောလျင်မြန်ဆန်စွာသိရှိနိုင်ရေးနှင့် လှူဒါန်းသည့် ပစ္စည်းများ မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဆပ်ကော်မတီအလိုက် စနစ်တကျစာရင်း ပြုစုရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို NDMC အဖွဲ့ဝင်များနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
    အစည်းအဝေးအပြီးတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသော နိုင်ငံတကာမှ လှူဒါန်းထားသည့် ယာယီတဲ အဆောက်အဦများ၊ အရေးပေါ်လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက် ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို လိုက်လံကြည့်ရှုကြသည်။ 
    အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ထိခိုက်ပျက်စီးသေဆုံးမှုမှာ ဧပြီ ၂ ရက် ညနေ ၆ နာရီအထိ ကနဦးစာရင်းများအရ သေဆုံးသူ ၃၀၀၃ ဦး၊ ပျောက်ဆုံးသူ ၃၅၁ ဦး၊ ဒဏ်ရာရရှိသူ ၄၅၁၅ ဦးရှိပြီး လူနေအိမ် ၂၁၇၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁၀၄၁ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၉၂၁ ကျောင်း၊ ဘုရားစေတီ ၁၆၉၀ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၃၁၂ လုံး၊ ဆေးရုံ/ ဆေးခန်း ၄၈ လုံး၊ စပါးနှင့် အခြားသီးနှံ ၄၅ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 
    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီအနေဖြင့်  နိုင်ငံတကာမှ ရှာဖွေကယ်ဆယ် ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နေပြည် တော်ကောင်စီနယ်မြေတွင် တရုတ်(ယူနန်)နိုင်ငံမှ အဖွဲ့ဝင် ၃၇ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ ၁ ဦး၊ သေဆုံးသူ ၂ ဦးကိုလည်းကောင်း၊ စင်ကာပူနိုင်ငံမှ အဖွဲ့ဝင် ၈၉ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ ၁ ဦး၊ သေဆုံးသူ ၄ ဦးကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ အဖွဲ့ဝင် ၅၀ ဦးနှင့် ပူးပေါင်း၍ သေဆုံးသူ ၃ ဦးကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံမှ အဖွဲ့ဝင် ၁၀၆ ဦးနှင့် ပူးပေါင်း၍ သေဆုံးသူ ၇ ဦးကိုလည်းကောင်း၊ တူကီယဲ (တူရကီ) နိုင်ငံမှ အဖွဲ့ဝင် ၈ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ ၂ ဦးကိုလည်းကောင်း၊ စုစုပေါင်း အသက်ရှင်သူ ၄ ဦးနှင့် သေဆုံးသူ ၁၆ ဦးတို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း။
    အလားတူ မန္တလေးတိုင်းဒေသကြီးတွင် ရုရှားနိုင်ငံမှ အဖွဲ့ဝင် ၁၆၇ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ ၁ ဦး၊ သေဆုံးသူ ၆ ဦးကိုလည်းကောင်း၊ တရုတ်နိုင်ငံ (ပေကျင်း) မှ အဖွဲ့ဝင် ၈၄ ဦး၊ တရုတ်နိုင်ငံ Blue Sky Rescue Team မှ အဖွဲ့ဝင် ၁၁၆ ဦး၊ တရုတ်နိုင်ငံ (ဟောင်ကောင်) မှ အဖွဲ့ဝင် ၅၁ ဦးတို့နှင့် ပူးပေါင်း၍ အသက်ရှင်သူ ၂ ဦး၊ သေဆုံးသူ ၁၄ ဦးကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံမှ အဖွဲ့ဝင် ၈၀ ဦးနှင့် ပူးပေါင်း၍ သေဆုံးသူ ၁၁ ဦးကို လည်းကောင်း၊ စုစုပေါင်း အသက်ရှင်သူ ၃ ဦးနှင့် သေဆုံးသူ ၃၁ ဦးတို့ကို ရှာဖွေ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း။
    အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် မလေးရှားနိုင်ငံမှ အဖွဲ့ဝင် ၅၀ ဦးနှင့် ပူးပေါင်း၍ သေဆုံးသူ ၆ ဦးတိုကို ရှာဖွေနိုင်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေးကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသသကြီး တို့ အတွင်း နိုင်ငံပေါင်း ၇ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့တို့နှင့် ပူးပေါင်း၍ အသက်ရှင်သူ ၇ ဦးနှင့် သေဆုံးသူ ၅၃ ဦးတို့ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။