ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးလျက်ရှိသည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး နေပြည်တော်၊ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်

Monday, March 31, 2025 - 12:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၉ ရက်၊ ၃၀ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူ သီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဝန်ထမ်းများနှင့်မိသားစုဝင်များ၏ နေထိုင်စားသောက် ရေးနှင့် လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။