မြန်မာနိုင်ငံတွင် တွေ့ကြုံခံစားရလျက်ရှိသည့် ငလျင်သဘာဝဘေးအပေါ် ထပ်တူဝမ်းနည်းခံစားရကြောင်း အသိအမှတ်ပြုခြင်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ကြိုးပမ်းအားထုတ်မှုများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ခြင်း
နေပြည်တော် - မတ် ၃၁
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ် ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများတွေ့ကြုံခံစားခဲ့ရပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ပြင်းထန်ပြီးရှားပါးသည့် သဘာဝဘေးဒဏ်ကို ရင်ဆိုင် ခံစားခဲ့ရမှုများကို နိုင်ငံတကာမှ စာနာထောက်ထားသောအားဖြင့် ကူညီကယ်ဆယ်ရေး အဖွဲ့များစေလွှတ်၍ မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူတကွ ပူးပေါင်း ၍ လိုအပ်သည့်ကူညီကယ်ဆယ်မှုများကို တက်တက်ကြွကြွကူညီပံ့ပိုးပေးခဲ့သကဲ့သို့ ကူညီ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများကိုလည်း ပို့ဆောင်ပေးခဲ့ကြပါ သည်။ နိုင်ငံတကာမှလာရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးအဖွဲ့များ စေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီ ကယ်ဆယ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ပိတ်မိနေသူများအား အသက်ရှင်လျက်ကယ်ဆယ်ခြင်းများကို စွမ်းဆောင်နိုင်ခဲ့ကြပါသည်။
နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကမ္ဘာကျော် အားကစား အသင်းအဖွဲ့ချုပ်များနှင့် ဘောလုံးအသင်းများ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း အသီးသီး မှလည်း ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခြင်း၊ အားကစားပွဲများ မစတင်မီ တစ်မိနစ်ငြိမ်သက်ခြင်း၊ ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် သဘာဝဘေးအန္တရာယ်အခက်အခဲများအား အောင်မြင်စွာကျော်လွှားနိုင် ပါစေကြောင်း ရေးသားထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
အလားတူ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် တာဝန်သိ တိုင်းရင်းသား မိဘပြည်သူများအားလုံးအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု နှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာဖြင့် တက်ညီ လက်ညီ ပါဝင်ကူညီလျက်ရှိကြပြီး စုစည်းညီညွတ်သည့်အားဖြင့် ရင်ဆိုင်ကြုံတွေ့နေရ သည့် သဘာဝဘေးအန္တရာယ်ကို စိတ်ဓာတ်ခိုင်မာမှု၊ ယုံကြည်မှုတို့ဖြင့် အပြန်အလှန် ဖေးမကူညီလက်တွဲကာ အခက်အခဲများကို ကျော်ဖြတ်လျက်ရှိပါသည်။
ထိုကဲ့သို့သော မြန်မာနိုင်ငံတွင်တွေ့ကြုံခံစားခဲ့ရသည့် ငလျင်သဘာဝဘေး အပေါ် အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးကုသမှုအဖွဲ့ များ စေလွှတ်ပေးခြင်း၊ ကူညီကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပို့ဆောင် ပေးခြင်း၊ ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခြင်း၊ အသိအမှတ်ပြု လှုပ်ရှား မှုများပြုလုပ်ပေးခြင်းနှင့် အားပေးစကားများရေးသားဖော်ပြပေးခြင်း၊ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအားလုံး၏ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ညီလက်ညီပါဝင်ဆောင်ရွက်ခြင်းတို့ကို ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော် အစိုးရမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ