နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုပြုလုပ်ရန် ကြေညာခြင်း နေပြည်တော် - မတ်  ၃၁

Monday, March 31, 2025 - 12:15

  နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုပြုလုပ်ရန် ကြေညာခြင်း

နေပြည်တော် - မတ်  ၃၁

၁။      ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ် ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည် မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ ရက်အဖြစ် ၃၁-၃-၂၀၂၅ ရက်နေ့မှ ၆-၄-၂၀၂၅ ရက်နေ့အထိ (၇) ရက်အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

၂။      နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်း အတာ လှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့၊ မြန်မာစံတော်ချိန်  ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် အောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်သည် -

(က)   နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံ အား တိုင်ဝက်လျှော့ချ၍လွှင့်ထူထားသော အလံတိုင်ရှေ့(သို့မဟုတ်) သင့် လျော်ရာနေရာ(သို့မဟုတ်)ပြုလုပ်နေသည့်အခမ်းအနား များ၌ ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခြင်း။

(ခ)    လှုပ်ရှားသွားလာနေသူများအနေဖြင့် ၎င်းအချိန်တွင် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွတ်ဂါရဝပြုခြင်း။

(ဂ)    ၎င်းအချိန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဥဩဆွဲ ဂါရဝပြု ခြင်း။

(ဃ)   ၎င်းအချိန်တွင် မီဒီယာများအနေဖြင့် ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ် များအား ခေတ္တရပ်ဆိုင်း၍  ဝမ်းနည်းခြင်းအထိမ်းအမှတ် Logo များအား ထုတ်လွှင့်ခြင်း။

(င)    သက်ဆိုင်ရာ ကိုးကွယ်ရာဘာသာအလိုက် ဘုရားစေတီများ၊ ဘုရား ကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်း၊ အန္တရာယ်ကင်း ပရိတ်များ၊ ဆုတောင်းစာများ ရွတ်ဆိုခြင်းနှင့် အမျှအတန်း ပေးဝေခြင်း။

၃။      အထက်ပါအစီအစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံး အတိုင်းအတာ လှုပ်ရှားမှုကို တစ်နိုင်ငံလုံးမှ ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ