ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

Wednesday, June 9, 2021 - 14:45

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊  ဇွန် လ  ၉ ရက်

၁။           ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄၉ မြို့နယ်၏  မဲစာရင်းများနှင့် မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

၂။            ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ မြို့နယ် ၄၉  မြို့နယ်၌ မဲရုံပေါင်း ၃၅၉၁ ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း ၃၆၃၄၂၈၃ ဦး ရှိသည့်အနက် ၂၄၂၁၃၄၈ ဦး မဲပေး ခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၆.၆၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အောက်ဖော်ပြပါ နိုင်ငံရေးပါတီ  ၃၁ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်-

              (က)     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊

              (ခ)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊

              (ဂ)    ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊

              (ဃ)     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊

              ( င )    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊

              (စ)     ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊

              (ဆ)     တအာင်း(ပလောင်)အမျိုးသားပါတီ၊

              ( ဇ )    ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊

              (ဈ)    မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊

              (ည)    ကချင်အမျိုးသားကွန်ဂရက်ပါတီ၊

              ( ဋ )    ‘ဝ’ အမျိုးသားပါတီ၊

              (ဌ)     ပြည်သူ့ရှေ့ဆောင်ပါတီ၊

              (ဍ)    လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

              ( ဎ )    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊

              (ဏ)    ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊

              (တ)     ပြည်သူ့ပါတီ၊

              (ထ)     အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊

              ( ဒ )    အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊

              (ဓ)     အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

              ( န )    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊

              ( ပ )    အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊

              (ဖ)     ဖက်ဒရယ်ပြည်ထောင်စုပါတီ၊

              ( ဗ )    ကယန်းအမျိုးသားပါတီ၊

              (ဘ)     ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊

              (မ)     ကချင်အမျိုးသားပါတီ၊

              (ယ)    ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊

              ( ရ )    မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊

              (လ)    လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊

              ( ဝ )    ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊

              (သ)     အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

              (ဟ)    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊

              ( ဠ )   တစ်သီးပုဂ္ဂလ။   

၃။           စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

၄။           မဲဆန္ဒရှင်စာရင်းစစ်ဆေးချက်များအရ ရှမ်းပြည်နယ်၊ မြို့နယ် ၄၉ မြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၆၃၄၂၈၃ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၀၅၅၅၉၇ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း များတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၆၁၆၅၃၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ များမှာ ၂၂၆၉၇  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၃၀၉၂၄၈  ဦး ဖြစ်သည်။

၅။           မြေပြင်စစ်ဆေးချက်များအရ အဆိုပါ ၄၉ မြို့နယ်တွင် မဲရုံပေါင်း ၃၅၉၁ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၀၂၃၁၉၄ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၃၉၉၂၂၅ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၂၃၉၆၉ ၊ မြေပြင်လက်ကျန် ၁၅၇၄၉၀၇ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၆၆၆၆ ဖြစ်ပြီး၊ အပိုတွေ့ရှိ ရသော မဲလက်မှတ်အရေအတွက်မှာ ၄၇၆၀၄  ဖြစ်သည်။ မြို့နယ်အလိုက်ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရရှိနေခြင်းတို့ကို တွေ့ရှိရသည်။

၆။           မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ မြေပြင် စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှု

စဉ်

မြို့နယ်

မဲရုံ
ပေါင်း

မြို့နယ်
ကော်မရှင်
စာရင်း

လဝက
စာရင်း

နိုင်ငံသား
စိစစ်ရေးကတ်
မရှိဘဲ မဲစာရင်းတွင်
ပါဝင်နေသူများ

နိုင်ငံသား
စိစစ်ရေးကတ်
တစ်ခုတည်းဖြင့်
မဲစာရင်း ၃ ကြိမ်
နှင့်အထက် ပါဝင်နေသူများ

နိုင်ငံသား
စိစစ်ရေးကတ်
တစ်ခုတည်းဖြင့်
မဲစာရင်း ၂ ကြိမ်
ပါဝင်နေသူများ

တောင်ကြီး

၂၄၅

၃၂၄၉၁၃

၂၇၉၃၁၅

၂၃၃၁၈

၂၇၅၁

၃၄၆၆၄

ညောင်ရွှေ

၁၄၃

၁၃၇၅၈၃

၁၃၀၄၃၄

၁၄၇၉၂

၇၅၄

၁၂၂၀၂

ကလော

၁၄၁

၁၃၈၇၁၉

၁၁၆၃၈၉

၁၄၈၈၆

၁၀၁၇

၁၃၈၈၀

ရွာငံ

၅၂

၆၁၉၃၇

၅၆၉၆၃

၃၀၂၇

၃၂၉

၅၇၆၂

ပင်လောင်း

၁၄၃

၁၃၃၃၀၃

၁၂၃၉၁၁

၁၀၄၅၄

၁၄၉၈

၁၅၉၅၈

ကွမ်းလုံ

၅၈

၃၈၁၉၀

၃၆၅၀၇

၉၇၅၈

၆၉

၂၀၆၀

တန့်ယန်း

၇၉

၁၁၁၆၈၆

၉၁၁၁၈

၄၁၆၃၂

၄၆၉

၆၇၃၆

ကုန်းကြမ်း

၂၁

၂၇၆၀၂

၂၃၁၅၅

၁၀၇၁၅

၅၅၆

ကျေးသီး

၆၀

၅၈၅၉၉

၃၅၂၆၄

၂၀၀၈၃

၁၇၈

၃၃၅၂

၁၀

သီပေါ

၁၁၁

၁၃၆၀၂၁

၁၀၃၉၈၄

၄၂၀၂၁

၅၀၀

၉၃၄၈

၁၁

ပင်းတယ

၇၈

၆၁၁၈၇

၅၂၄၆၈

၅၆၄၄

၄၂၄

၆၀၀၄

၁၂

ဖယ်ခုံ

၁၁၀

၆၆၇၇၃

၆၀၀၀၄

၂၄၈၅

၄၁၀

၇၀၇၈

၁၃

မိုင်းဆတ်

၅၈

၅၉၇၀၃

၄၄၃၄၀

၁၇၇၃၄

၂၈၁

၄၂၁၈

၁၄

မိုင်းယန်း

၂၀

၆၅၈၇

၂၈၉၀၉

၁၁၇

၂၁၀

၁၅

မိုးနဲ

၃၁

၂၈၈၁၇

၂၉၀၀၀

၁၆၉၈

၇၂

၁၅၈၂

၁၆

သိန္နီ

၆၀

၃၈၇၁၉

၃၅၃၈၁

၄၇၇၉

၁၇၄

၂၉၆၈

၁၇

ကျောက်မဲ

၉၉

၁၁၈၀၉၅

၈၆၁၆၄

၁၄၇၇၉

၇၂၆

၁၀၇၂၄

၁၈

နောင်ချို

၈၁

၁၀၅၄၂၆

၈၉၆၅၀

၇၇၅၃

၇၈၂

၁၀၅၅၄

၁၉

မိုးမိတ်

၆၈

၄၇၉၃၇

၃၇၁၄၇

၅၈၇၃

၅၇

၂၆၄၈

၂၀

မဘိမ်း

၄၄

၃၂၉၁၈

၂၄၃၅၂

၃၆၀၉

၅၈

၁၇၂၀

၂၁

မက်မန်း

၄၃

၁၁၆၀၈

၁၂၉၄၁

၃၂၀၆

၅၉

၈၅၆

၂၂

မိုင်းတုံ

၆၄

၄၇၆၈၇

၄၁၉၂၅

၁၈၄၈၉

၂၈၅

၃၃၀၂

၂၃

မူဆယ်

၉၉

၁၁၅၇၁၆

၈၁၆၄၆

၁၉၇၈၆

၁၃၃၂

၁၁၄၇၂

၂၄

ကွတ်ခိုင်

၁၂၈

၁၂၈၁၈၂

၈၂၈၉၈

၄၅၅၀၁

၁၀၀၈

၉၇၇၄

၂၅

မိုင်းခတ်

၂၇

၁၆၈၃၁

၂၃၀၁၅

၂၁၇၄

၇၉

၁၃၇၀

၂၆

ကျိုင်းတုံ

၁၂၀

၁၂၈၆၁၂

၁၂၉၆၃၆

၁၂၈၂၉

၁၂၄၅

၁၄၂၇၂

၂၇

မိုင်းရယ်

၄၅

၄၈၆၇၉

၃၅၀၅၇

၂၁၉၁၅

၄၅

၁၇၆၈

၂၈

ဆီဆိုင်

၉၃

၁၀၆၁၆၃

၉၃၈၈၀

၉၈၃၆

၉၀၂

၁၁၉၅၆

၂၉

နမ့်စန်

၁၀၃

၉၂၃၆၄

၆၀၁၂၀

၁၉၄၀၈

၄၄၅

၆၆၁၄

၃၀

မိုင်းပျဉ်း

၅၅

၄၅၄၇၆

၄၃၅၆၀

၁၂၅၄၃

၂၇၈

၃၆၅၆

၃၁

ဟိုပုံး

၈၀

၈၂၅၇၂

၇၃၃၈၄

၁၁၉၆၆

၆၆၈

၈၆၉၂

၃၂

လွိုင်လင်

၈၁

၉၆၅၀၄

၈၀၆၅၁

၂၀၇၆၃

၇၆၂

၉၅၆၀

၃၃

ရပ်စောက်

၈၄

၁၁၀၄၇၈

၁၀၁၆၂၆

၁၂၈၀၂

၆၃၅

၉၇၉၈

၃၄

တာချီလိတ်

၇၀

၁၃၄၉၂၃

၁၀၄၉၀၄

၆၇၇၀

၁၀၃၅

၁၄၁၃၂

၃၅

မိုင်းဖြတ်

၃၉

၂၂၅၅၂

၂၁၆၈၄

၁၅၂၀

၉၆

၂၀၅၂

၃၆

လားရှိုး

၁၄၅

၂၂၀၃၉၉

၁၃၈၉၆၅

၅၂၉၃၁

၁၁၀၃

၁၄၉၀၂

၃၇

လင်းခေး

၃၉

၂၆၄၅၃

၄၀၆၁၄

၁၅၃၀

၅၁

၁၅၆၄

၃၈

လဲချား

၃၆

၃၉၆၈၄

၂၉၃၆၄

၉၄၁၅

၆၆

၁၇၉၀

၃၉

ဟိုပန်

၄၃

၂၂၆၁၇

၂၂၃၈၁

၄၆၂၆

၁၇၈

၁၉၆၂

၄၀

နမ့်ခမ်း

၁၁၅

၈၆၆၃၄

၈၁၀၅၁

၁၀၃၂၂

၉၆၀

၁၀၅၅၄

၄၁

လောက်ကိုင်

၂၉

၅၆၀၆၁

၃၀၂၉၀

၁၆၂၃၆

၂၁၀

၃၀၅၈

၄၂

မိုင်းယောင်း

၆၈

၂၇၁၉၁

၄၆၀၈၀

၂၁၂

 

၆၂

၄၃

ကွန်ဟိန်း

၄၄

၄၅၇၅၀

၂၅၆၉၉

၁၅၅၂၂

၁၀၆

၂၆၅၈

၄၄

မိုင်းရှူး

၄၅

၅၂၄၄၄

၂၉၂၉၆

၁၇၀၁၆

၁၀၄

၂၀၆၀

၄၅

မောက်မယ်

၃၂

၂၂၂၀၃

၁၉၈၈၈

၁၄၅၀

၇၃

၁၅၅၀

၄၆

မိုင်းပန်

၂၆

၁၃၃၄၆

၁၇၄၉၉

၁၀၇၂

၂၄

၅၇၂

၄၇

နမ္မတူ

၄၈

၃၃၆၅၈

၃၂၉၃၆

၂၅၇၂

၁၆၃

၂၇၃၆

၄၈

နမ့်ဆန်

၅၁

၄၀၃၈၈

၄၇၉၃၁

၄၀၇၇

၁၂၇

၂၅၄၆

၄၉

မန်တုံ

၃၇

၂၄၃၉၃

၂၂၂၂၁

၄၈၈၅

၉၇

၁၇၃၆

 

စုစုပေါင်း

၃၅၉၁

၃၆၃၄၂၈၃

၃၀၅၅၅၉၇

၆၁၆၅၃၁

၂၂၆၉၇

၃၀၉၂၄၈

မြို့နယ်အလိုက် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်

စဉ်

မြို့နယ်

မဲရုံ ပေါင်း

ထုတ်ယူရရှိ

အသုံးပြု

ကျန်ရမည့် မဲလက်မှတ်

မြေပြင် လက်ကျန်

ကွာခြားချက်

ပျောက်ဆုံး

ပို

တောင်ကြီး

၂၄၅

၃၄၃၆၇၁

၂၄၃၃၆၂

၁၀၀၃၀၉

၉၆၂၀၉

၇၈၇၀

၃၇၇၀

ညောင်ရွှေ

၁၄၃

၁၅၄၅၇၁

၁၁၆၅၆၆

၃၈၀၀၅

၃၅၄၆၁

၂၅၄၆

ကလော

၁၄၁

၁၅၁၃၇၀

၁၁၇၈၃၆

၃၃၅၃၄

၃၁၆၈၉

၃၅၈၃

၁၇၃၈

ရွာငံ

၅၂

၆၉၄၂၉

၅၆၆၉၈

၁၂၇၃၁

၁၃၅၁၇

၃၅၃

၁၁၃၉

ပင်လောင်း

၁၄၃

၁၄၈၈၉၇

၁၁၄၇၅၂

၃၄၁၄၅

၃၄၂၀၄

၁၁၈၁

၁၂၄၀

ကွမ်းလုံ

၅၈

၄၂၉၈၃

၁၉၄၇၃

၂၃၅၁၀

၂၂၃၃၃

၂၇၁၀

၁၅၃၃

တန့်ယန်း

၇၉

၁၂၈၀၃၄

၅၈၂၁၅

၆၉၈၁၉

၆၇၇၂၅

၃၁၇၅

၁၀၈၁

ကုန်းကြမ်း

၂၁

၂၉၀၅၀

၁၀၅၉၁

၁၈၄၅၉

၁၈၃၈၅

၇၄

 

ကျေးသီး

၆၀

၆၉၂၃၅

၂၈၉၀၂

၄၀၃၃၃

၃၉၄၆၃

၂၂၁၂

၁၃၄၂

၁၀

သီပေါ

၁၁၁

၁၅၄၈၅၃

၈၈၀၅၁

၆၆၈၀၂

၆၆၂၂၃

၉၄၁

၃၆၂

၁၁

ပင်းတယ

၇၈

၆၉၀၀၇

၅၆၆၀၃

၁၂၄၀၄

၁၁၄၃၀

၁၄၇၆

၅၀၂

၁၂

ဖယ်ခုံ

၁၁၀

၇၇၉၅၉

၅၆၀၄၈

၂၁၉၁၁

၂၁၅၁၇

၄၆၈

၇၄

၁၃

မိုင်းဆတ်

၅၈

၆၈၁၆၉

၃၇၅၄၁

၃၀၆၂၈

၂၉၂၉၀

၁၆၉၁

၃၅၃

၁၄

မိုင်းယန်း

၂၀

၉၅၀၇

၅၁၉၂

၄၃၁၅

၄၀၉၉

၂၁၆

 

၁၅

မိုးနဲ

၃၁

၃၁၃၈၃

၂၂၄၄၅

၈၉၃၈

၈၉၁၅

၅၁

၂၈

၁၆

သိန္နီ

၆၀

၄၃၇၂၄

၂၇၁၅၅

၁၆၅၆၉

၁၆၁၃၈

၁၇၃၀

၁၂၉၉

၁၇

ကျောက်မဲ

၉၉

၁၄၄၈၂၂

၇၀၄၆၄

၇၄၃၅၈

၇၄၁၀၅

၁၂၀၇

၉၅၄

၁၈

နောင်ချို

၈၁

၁၁၄၀၁၄

၇၉၁၃၂

၃၄၈၈၂

၃၄၄၄၂

၆၅၀

၂၁၀

၁၉

မိုးမိတ်

၆၈

၅၅၆၇၀

၃၅၃၃၈

၂၀၃၃၂

၁၉၆၅၅

၉၈၂

၃၀၅

၂၀

မဘိမ်း

၄၄

၃၇၀၇၁

၂၇၅၅၂

၉၅၁၉

၉၅၃၆

၃၅၇

၃၇၄

၂၁

မက်မန်း

၄၃

၁၄၆၁၁

၉၄၃၁

၅၁၈၀

၄၉၃၃

၄၄၃

၁၉၆

၂၂

မိုင်းတုံ

၆၄

၄၉၇၀၈

၂၉၇၈၆

၁၉၉၂၂

၁၉၉၀၁

၂၁၀

၁၈၉

၂၃

မူဆယ်

၉၉

၁၂၀၅၅၀

၆၁၇၉၀

၅၈၇၆၀

၅၆၂၃၇

၄၅၇၈

၂၀၅၅

၂၄

ကွတ်ခိုင်

၁၂၈

၁၄၆၉၇၀

၅၉၄၅၂

၈၇၅၁၈

၈၅၅၆၀

၂၄၈၄

၅၂၆

၂၅

မိုင်းခတ်

၂၇

၂၀၄၆၅

၇၉၈၆

၁၂၄၇၉

၁၁၆၂၃

၉၄၃

၈၇

၂၆

ကျိုင်းတုံ

၁၂၀

၁၄၀၄၉၈

၆၉၅၇၉

၇၀၉၁၉

၆၉၃၅၉

၃၈၀၉

၂၂၄၉

၂၇

မိုင်းရယ်

၄၅

၅၄၃၂၇

၂၇၆၃၉

၂၆၆၈၈

၂၅၀၇၂

၂၅၂၇

၉၁၁

၂၈

ဆီဆိုင်

၉၃

၁၁၀၄၀၈

၈၁၁၅၆

၂၉၂၅၂

၂၉၁၅၅

၇၉၅

၆၉၈

၂၉

နမ့်စန်

၁၀၃

၁၀၃၅၆၃

၅၃၀၄၅

၅၀၅၁၈

၄၈၀၈၃

၄၇၀၄

၂၂၆၉

၃၀

မိုင်းပျဉ်း

၅၅

၅၀၂၁၂

၂၇၅၈၄

၂၂၆၂၈

၂၂၄၅၅

၃၄၆

၁၇၃

၃၁

ဟိုပုံး

၈၀

၈၉၉၁၈

၅၈၂၈၄

၃၁၆၃၄

၃၀၅၃၇

၁၈၈၂

၇၈၅

၃၂

လွိုင်လင်

၈၁

၁၀၆၅၅၈

၄၈၀၅၆

၅၈၅၀၂

၅၅၆၃၇

၈၀၁၃

၅၁၄၈

၃၃

ရပ်စောက်

၈၄

၁၂၂၂၃၂

၈၈၃၉၉

၃၃၈၃၃

၃၂၇၇၅

၁၁၅၂

၉၄

၃၄

တာချီလိတ်

၇၀

၁၃၆၉၉၀

၇၆၀၂၄

၆၀၉၆၆

၆၃၂၉၀

၉၉

၂၄၂၃

၃၅

မိုင်းဖြတ်

၃၉

၂၆၈၉၀

၁၅၉၂၄

၁၀၉၆၆

၁၀၉၁၀

၅၈

၃၆

လားရှိုး

၁၄၅

၂၃၀၉၅၀

၁၁၈၁၃၀

၁၁၂၈၂၀

၁၀၄၇၂၀

၁၈၇၉၁

၁၀၆၉၁

၃၇

လင်းခေး

၃၉

၂၉၆၈၆

၂၂၁၈၅

၇၅၀၁

၇၅၀၁

 

 

၃၈

လဲချား

၃၆

၄၅၁၆၇

၁၈၇၉၈

၂၆၃၆၉

၂၅၉၃၁

၅၀၇

၆၉

၃၉

ဟိုပန်

၄၃

၂၄၄၀၀

၁၃၄၀၄

၁၀၉၉၆

၁၀၂၈၇

၁၀၉၁

၃၈၂

၄၀

နမ့်ခမ်း

၁၁၅

၉၇၃၅၀

၆၀၆၈၀

၃၆၆၇၀

၂၉၈၈၆

၇၆၅၁

၈၆၇

၄၁

လောက်ကိုင်

၂၉

၆၁၂၂၆

၁၇၉၃၈

၄၃၂၈၈

၄၂၉၉၃

၂၉၅

 

၄၂

မိုင်းယောင်း

၆၈

၃၂၇၀၄

၂၁၃၉၁

၁၁၃၁၃

၁၀၀၅၉

၁၃၇၉

၁၂၅

၄၃

ကွန်ဟိန်း

၄၄

50546

22078

28468

28603

86

221

၄၄

မိုင်းရှူး

၄၅

57015

25385

31630

31842

822

1034

၄၅

မောက်မယ်

၃၂

25989

18381

7608

7524

87

3

၄၆

မိုင်းပန်

၂၆

15664

11239

4425

4426

 

1

၄၇

နမ္မတူ

၄၈

35878

24389

11489

11398

191

100

၄၈

နမ့်ဆန်

၅၁

51000

25238

25762

25562

200

 

၄၉

မန်တုံ

၃၇

28300

13938

14362

14312

50

 

 

စုစုပေါင်း

၃၅၉၁

၄၀၂၃၁၉၄

၂၃၉၉၂၂၅

၁၆၂၃၉၆၉

၁၅၇၄၉၀၇

၉၆၆၆၆

၄၇၆၀၄

၇။           ရှမ်းပြည်နယ်၊ မြို့နယ် ၄၉  မြို့နယ်၏  စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

              ( က )    သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆(က) အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသာ မဲစာရင်းတွင် ပါဝင်ခွင့်ရှိပါသည်။ ရှမ်းပြည်နယ်၏ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများမှာ ၆၁၆၅၃၁ ဦး၊         ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၂၆၉၇ ဦး၊ ၂ ကြိမ်ပါဝင်နေသူ ၃၀၉၂၄၈ ဦး ရှိနေကြောင်း စိစစ်တွေ့ရှိရသဖြင့် ရှမ်းပြည်နယ်၌ မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရသည်။

              ( ခ )      မဲရုံပေါင်း ၃၅၉၁ ရုံ၊ ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၄၀၂၃၁၉၄ ဖြစ်ပြီး၊ မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၃၉၉၂၂၅ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၂၃၉၆၉ ၊ မြေပြင်လက်ကျန် ၁၅၇၄၉၀၇ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၆၆၆၆ ၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက် ၄၇၆၀၄ ဖြစ်သည်။ မြို့နယ်များတွင် မဲရုံများအလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်း ပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရသည်။ မဲရုံများသို့ မဲလက်မှတ်များ သတ်မှတ်အရေအတွက်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ရာ အပိုတွေ့ရှိ မှုများနှင့် မဲလက်မှတ်ပျောက်ဆုံးခြင်းများသည် တရားမဝင် ဆောင်ရွက်မှုများ ကြောင့်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

              ( ဂ )     ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ မြို့နယ် ၄၉ မြို့နယ်၌ ပြည်သူ့လွှတ်တော် အတွက်  ဆန္ဒမဲပေးခဲ့သူဦးရေမှာ ၂၄၂၁၃၄၈ ဦး၊ မဲပေးအသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ် ၂၃၉၉၂၂၅ စောင် ဖြစ်၍ မဲလက်မှတ်သုံးစွဲမှုတွင် ၂၂၁၂၃ စောင် လျော့နည်း အသုံးပြုထားကြောင်း တွေ့ရှိရသည်။

              (ဃ)      ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်၌ ပြည်သူ့လွှတ်တော် အတွက်  မဲပေးသူဦးရေမှာ ၂၄၂၁၃၄၈ ဦး ဖြစ်ပြီး မဲရုံမဲပေးသူ ၁၉၄၈၃၁၄ ဦး၊ ကြိုတင်မဲပေးသူ ၄၇၃၀၃၄ ဦး ဖြစ်သဖြင့် မဲရုံမဲပေးသူ ၈၀.၄၆ ရာခိုင်နှုန်း၊ ကြိုတင် မဲပေးသူ  ၁၉.၅၄ ရာခိုင်နှုန်း ဖြစ်သည်။

              ( င )      မဲလက်မှတ်လက်ခံဖြတ်ပိုင်းပါ မဲရုံအိတ်အချို့ ပျောက်ဆုံးနေကြောင်းတွေ့ရှိရပြီး မြေပြင်ဖွင့်ဖောက်စစ်ဆေးမှု ပြုလုပ်သည့်အချိန်မှသာ သက်ဆိုင်ရာ မဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူမှ လာရောက်အပ်နှံခဲ့သည်ကို စိစစ်တွေ့ရှိရသည်။

              ( စ )      သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆၆(ဇ)ကို လိုက်နာခြင်းမရှိဘဲ ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်း/လက်ကျန်ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နောက်ပိုင်းမှသာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သီးခြား လာရောက်အပ်နှံမှုများရှိကြောင်း စိစစ်တွေ့ရှိရသည်။

              (ဆ)      သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြခြင်းမရှိဘဲ မဲဆန္ဒရှင်စာရင်း ပုံစံ(၁) စာအုပ်များတွင် နောက်တိုးမဲဆန္ဒရှင်များကို လက်ရေးဖြင့် ဖြည့်သွင်း၍ ဆန္ဒမဲပေးခွင့်ပြုထားပြီး အချို့ကျေးရွာအုပ်စုများတွင် မူလမဲဆန္ဒရှင် အမည်ကိုပင် မျဉ်းသားပယ်ဖျက်၍ အခြားမဲဆန္ဒရှင် အမည်နှင့် အချက်အလက် များကို ပြင်ဆင်ဖြည့်သွင်း မဲပေးခွင့်ပြုထားကြောင်း စိစစ်တွေ့ရှိရသည်။

              ( ဇ )     အသက် ၁၈ နှစ် မပြည့်သူများကို မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခွင့်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

              ( ဈ )     မဲဆန္ဒရှင်စာရင်းပုံစံ(၁)များတွင် မဲဆန္ဒရှင် လက်မှတ် သို့မဟုတ် လက်ဝဲလက်မ လက်ဗွေ ရေးထိုးရိုက်နှိပ်ခြင်းမရှိဘဲ  အမှန်ခြစ်အမှတ်အသားများသာ ရေးမှတ်၍ မဲလက်မှတ်များ ခွင့်ပြုထုတ်ပေးထားသည်ကို စိစစ်တွေ့ရှိရသည်။

              (ည)      သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၅(က)ပါအတိုင်း မဲဆန္ဒရှင် စာရင်း ပုံစံ(၁)၏ စာမျက်နှာတိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လက်မှတ်ရေးထိုးခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသည်။

              ( ဋ )     ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြိုတင် ဆန္ဒမဲလက်မှတ်များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲလက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပိုများကို ဥပဒေနှင့်အညီအပ်နှံရန် ပျက်ကွက်ခဲ့ကြောင်း စိစစ် တွေ့ရှိရသည်။

              ( ဌ )      ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌  ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်း အမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေ တို့ကို ဖြည့်သွင်းရေးသားထားမှု မရှိဘဲ မဲပေးသုံးစွဲထားမှုများ စိစစ်တွေ့ရှိရသည်။

              ( ဍ )     နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။      

              ( ဎ )      ကြိုတင်မဲများကောက်ခံရာတွင်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆန္ဒမဲပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

              (ဏ)      COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့် ညီညွတ်မှုမရှိသော ညွှန်ကြားချက်များထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံမဲပေး စေခြင်း၊ ကြိုတင်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

၈။               ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောက်ပါအတိုင်း ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်-

              (က)      မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူ ရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ အဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိက ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများ ကောက်ယူ ရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေး ပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်း တို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်း ထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကိုတွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည် များကို မဲစာရင်းမှ ပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်း မရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

              ( ခ )      အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ  ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေး အဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့် မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို       ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဆောင်ရွက်ခဲ့သည်။ ယင်း ညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

              ( ဂ )     မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က      ၁၉- ၈- ၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံ များတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှု မပြုနိုင်သော မဲဆန္ဒရှင်သက်သေခံ လက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေး ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့် အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြု ခဲ့သည့် ဆန္ဒပြု အမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ် မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန် မျှတမှု မရှိကြောင်း  စိစစ်တွေ့ရှိရပါသည်။

              (ဃ)      ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် ကာလ၊  ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲပေးသည့်နေ့ရက်များတွင်  NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များ အနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များ၊ ဒေသန္တရအမိန့်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်။

              ( င )      မဲစာရင်းများတွင် အကြိမ်ကြိမ် ပါဝင်နေခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှု ပြုရန် အခွင့်အလမ်းတစ်ရပ်သဖွယ်ဖြစ်နေပြီး  မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ်ပါဝင်နေသူ များအနက် တစ်ကြိမ်ထက်ပိုမို ဆန္ဒပြုထားသူများကို တွေ့ရှိရသဖြင့် စိစစ် ဖော်ထုတ် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမဲ ၂ ကြိမ်/ ၃ ကြိမ် ပေးမှုများကို အောက်ပါ အခြေအနေများတွင် ပြုလုပ်နိုင်ပြီး သက်ဆိုင်ရာ မဲစာရင်း ပုံစံ(၁)တွင် လက်မှတ်ရေးထိုးထားသည့် အထောက်အထားများအရ အသေးစိတ် စိစစ်လျက်ရှိသည်-

                          ( ၁ )      သက်ဆိုင်ရာ မဲဆန္ဒရှင်အနေဖြင့် မြို့တစ်မြို့တည်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ၎င်းအမည်စာရင်းပါ မဲရုံများတွင် ကြိုတင်ဆန္ဒမဲပေးမည့်နေ့ရက်များတွင်  ၁ ကြိမ်နှင့်အထက် မဲပေးနိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင် ၁ ကြိမ် ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။

                          ( ၂ )      မဲမသမာမှုပြုလုပ်သူအနေဖြင့် ၎င်းမဲဆန္ဒရှင် အမည်စာရင်းပါ မြို့နယ်နှင့် အခြားမဲစာရင်းပါရှိသည့် မြို့နယ်တို့ နီးကပ်ခြင်း၊ ကျေးရွာအုပ်စု ကပ်လျက် ရှိခြင်း  စသည့်အခြေအနေများတွင်လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။

                          ( ၃ )      ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်လည်း မဲရုံတွင် လက်သန်း မင်မတို့ဘဲ ရှောင်လွှဲကာ အခြားမဲစာရင်းပါရှိသည့် မဲရုံများတွင် ဆန္ဒမဲပေးနိုင်ကြောင်း တွေ့ရှိရသည်။         

၉။           အထက်ပါ မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ် ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း ကြောင့်သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက် ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် ဝင်ရောက် စွက်ဖက်၍ မလျော်ဩဇာအသုံးပြု၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကို  အလွဲ သုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

၁၀။         သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍  ရှမ်းပြည်နယ်၊ မြို့နယ်  ၄၉  မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီ တစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအားလုံးကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/ တားမြစ် ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ် ထိန်းချုပ်ခဲ့ပြီး  နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ အထက်ပါ စိစစ်ချက်များအရ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

                                                                   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်