နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား သွားရောက်

Wednesday, April 16, 2025 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၂၈

          ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိ သည်။

          အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့သို့ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် နေရာများအား ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး မကြာမီနာရီပိုင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာန ချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမ ကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ သွားလာမှု အဆင် ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊  ယာဉ်ယန္တရား အင်အားများကိုအသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးပြန်လည်ကောင်း မွန်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ လျင်လျင်မြန်မြန်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် သပြေကုန်းဈေးအတွင်းရှိ ဆိုင်ခန်းများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေမှုများအား  သွား ရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိနေသူများကို အမြန်ဆုံးကယ် ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်သူများ အား ပစ္စည်းကိရိယာစုံစုံလင်လင်ဖြင့်ဆောင်ရွက်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်သွားစေရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။