PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာရှိ ဒေသခံ ပြည်သူ အမျိုးသမီးတစ်ဦးအား လက်နက်ငယ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ် နေပြည်တော်၊ ၂၀၂၅ မတ်-၂၁  

Friday, March 21, 2025 - 05:45

          စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာမှ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက မတ်လ ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာနေ ဒေါ်ခင်ညွန့် ၆၆ နှစ်(ဘ) ဦးဘိုးမော် သည် မတ်လ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကျေးရွာ၏အနောက် ဘက်ရှိ ပဲစိုက်ခင်း၌ ရိုးသားစွာ အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒေါ်ခင်ညွန့်အား ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံ အားပေးမှုမရှိသောအကြောင်းပြချက်ဖြင့် လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

          PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများအတွင်းဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသော ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်း များနှင့် သံဃာတော်များကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ လူသားမဆန်စွာ လုပ်ကြံ၊ သတ်ဖြတ်မှုများကို မကြာခဏလုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။