၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက်နေ့တွင်ကျရာက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့တွင်းရှိ နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင် သွေးအလှူရှင် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ စေတနာရှင် သွေးအလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သွေးအလှူရှင်စုစုပေါင်း ၂၂၀ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သွေးအလှူရှင်စုစုပေါင်း ၂၂၀ ဦးမှ လှူဒါန်းထားသော သွေးများကို တိုင်းမှူးက အထွေထွေရောဂါကုဆေးရုံးကြီး(မန္တလေး)သို့ ပေးအပ်လှူဒါန်းရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လာရောက်သွေးလှူဒါန်းကြ သည့် စေတနာရှင်သွေးအလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။