နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ်အတွင်း အထူးလေယာဉ်ပေါ်တွင် ခရီးစဉ်တွင်လိုက်ပါခဲ့ကြသည့် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးမှု
နေပြည်တော်၊ မတ် ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ဖိတ်ကြားချက်အရ ကျွန်တော်တရားဝင် ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင်ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော်တရားဝင်ချစ်ကြည်ရေးခရီး သွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေပေါ့။ နောက်နှစ်နိုင်ငံ အပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍတွေတိုးချဲ့ ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုကပညာရေး၊ နောက်သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ဒါတွေနယ်ပယ်တွေကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက် ပြောင်း လဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့နှစ်နိုင်ငံလုံးက ဒါကို အားလုံး လက်ခံပါတယ်။ နောက် ကျွန်တော်ရွေးကောက်ပွဲ လုပ်မယ့်အခြေအနေလည်း ကျွန်တော်ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့ အတွက်ကြောင့် သူတို့ဆီကကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲ လာပြီးကြည့်ပေးမယ့်အကြောင်းလည်း သူတို့ပြောတာ ရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦး နှစ်ဖက်ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည် မှုတွေအများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော်ဖြစ်လာတာကို ကျွန်တော်တွေ့တယ်ဗျ။ ဒါဟာကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံ အတွက်) (နောင်နိုင်ငံတော်အနာဂတ်အတွက်လည်း) ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကိုပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်ကသဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်းကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်းအားလုံး ကျန်းမာချမ်းသာကြပါစေ။ နောက်အစစအရာရာ တိုးတက်အောင် လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်း တောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်း ဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော်ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။