ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မတ်လ ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းချက်များအရ မြန်မာနိုင်ငံမှ ပေါင်းဆန်များအား ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံမှ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူရေးတို့အတွက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ Starbanner Company Limited နှင့် ရုရှားနိုင်ငံမှ Tabiya Limited Liability Company တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို စိန့်ပီတာစဘတ် မြို့၊ lotte Hotel ၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ မြေသြဇာအသင်းတို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ Starbanner Company ၏ ဒါရိုက်တာ ဦးမောင်မောင်ကျော်နှင့် ရုရှားနိုင်ငံ Tabiya Limited Liability Company မှ Mr. Morozov Ilya တို့က လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။