နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ
နေပြည်တော်၊ ၂၀၂၅ မတ်လ ၄ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံကိုအလည် အပတ်ခရီးလာရောက်တဲ့အတွက် ကြိုဆိုပါတယ်။ နှစ်နိုင်ငံအကြားမှာ စိတ်ချ ယုံကြည်ရတဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုကို အဓိကထားဆွေးနွေး ချင်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကြေညာချက်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ဆိုဗီယက်ပြည်ထောင်စုက နိုင်ငံများအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ နောင် ဆိုဗီယက်ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့ပါတယ်။ ပြီး တော့ ပညာရှင်များကိုလည်း ကူညီပေးခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်၌ အရေးကြီးတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ရုရှား နိုင်ငံက မြန်မာနိုင်ငံကို အားပေးကူညီလျက်ရှိပြီး မြန်မာစက်မှုစီးပွားရေး အခန်း ကဏ္ဍမှာလည်း အကူအညီပေးပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေ ကိစ္စရပ်များ ကောင်းမွန်စေဖို့အတွက်ကိုလည်း ထောက်ခံအားပေးနေ ပြီးတော့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအတွက် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ ဆထက်ထမ်းပိုး ဖွံ့ဖြိုးတိုးတတ် စေဖို့ပါရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်း ခန့်တိုးမြင့်ခဲ့ပြီး ယခင်က သန်း ၂၀၀၀ ခန့် ရှိပါတယ်။ ကျွန်တော်တို့ အပြန်အလှန်ကုန်သွယ်ရေးကို တိုးတတ်စေဖို့ အဆင်သင့်ရှိပါတယ်။ ချေးငွေနဲ့ ဘဏ္ဍာရေးနယ်ပယ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံရဲ့အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင် က ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်ရှိပြီး ပိုမိုပူးပေါင်းဆောင်ရွက် ဖို့ စီစဉ်နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိတို့အနေနဲ့အသင့်ရှိပါတယ်။ အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်း အမြစ်များတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစားအနုမြုဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် သဘောတူညီခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပေါပေါများများ ပေးနိုင်ပါမယ်။ မြန်မာနိုင်ငံ မှာဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်အချို့ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာ တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ စက်မှုနှင့် အဆင့်မြင့် နည်းပညာနယ်ပယ်မှာ ကျွန်တော်တို့ ပူးတွဲစီမံကိန်းကို အကောင်အထည်ဖော် နေပါတယ်။ ရုရှားနိုင်ငံ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဂြိုဟ်တုက ရရှိထားတဲ့ အချက်အလက်များ လေ့လာရေးစင်တာကို ဖွဲ့စည်းထားပါတယ်။ အဆွေတော် ဝန်ကြီးချုပ် အနေနဲ့လည်း ရုရှားနိုင်ငံ ဒုံးပျံနှင့်အာကာသ ဗဟိုဌာနကို လေ့လာခဲ့ ပါတယ်။ ရုရှားနိုင်ငံက အာကာသနယ်ပယ်မှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး ဗဟုသုတများစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံအကြား ယဉ်ကျေးမှု နယ်ပယ်နဲ့ လူသားချင်းနယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ပါမယ်။ မြန်မာ နိုင်ငံမှာ ရုရှားယဉ်ကျေးမှုဗဟိုဌာနကို ဖွင့်ဖို့ရှိပြီးတော့ ရန်ကုန်မြို့မှာ ပထမဆုံး အော်သိုဒေါ့ ခရစ်ယာန် ရုရှားဘုရား ရှိခိုးကျောင်း တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။ ရုရှားနိုင်ငံမှာလည်း မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဗဟိုဌာန နှစ်ခုရှိပါတယ်။
မြန်မာနိုင်ငံသူ/နိုင်ငံသားများ ရုရှားဘာသာစကားကိုသင်ယူဖို့ အကူအညီ ပေးတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ ရုရှားဘာသာစကားကို မြန်မာ နိုင်ငံမှာ နာမည်ကြီးတက္ကသိုလ်နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်နဲ့ စစ်တက္ကသိုလ်မှာလည်း ရုရှားဘာသာစကား ကိုသင်ပေးလျက်ရှိပါ တယ်။ မြန်မာနိုင်ငံမှာ ရုရှားဘာသာစကားကိုယခုထက်ပိုမို သင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုရုရှားတက္ကသိုလ်မှာ မြန်မာကျောင်းသူ/ ကျောင်းသား ဦးရေ ၃၀၀ ခန့်ရှိပါတယ်။ စုစုပေါင်းဆိုပါက မြန်မာနိုင်ငံမှ သင်တန်းသား၊ သင်တန်းသူပေါင်း တစ်သောင်း ခန့်ရှိပါတယ်။ မေလ ၉ ရက်နေ့မှာ ၈၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမှာကျင်းပမှာဖြစ်ပြီးတော့ အဆွေတော်ဝန်ကြီးချုပ် ကို အခမ်းအနားကိုပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ မြန်မာ နိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက်စေလို ပါတယ်။ နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးလိုပြီးတော့ နိုင်ငံတကာ ပြဿနာအများစုနဲ့ပတ်သက်ပြီး ရုရှား-မြန်မာ ရပ်တည်ချက်တွေက ကိုက်ညီ ပါတယ်။ တူညီပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိပြီးတော့ အရှေ့ပစိဖိတ်ဒေသများ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံတို့ ဖွံ့ဖြိုးတိုးတက် ရေးနယ်ပယ်မှာ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ နိဂုံးချုပ် အနေနဲ့ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များကို အတူတူ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေး ပွဲများ၊ ဆွေးနွေးမှုများ အောင်မြင်မှုရရှိခဲ့ပါတယ်။ ရရှိထားတဲ့ရလာဒ်တွေကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်အသီးသီးမှာ ဆထက်ထမ်းပိုး ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ မိမိရဲ့ဆွေးနွေးချက် များကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။
လေးစားအပ်ပါတဲ့ အဆွေတော် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ နိုင်ငံ သမ္မတကြီး မစ္စတာဗလာဒီမာပူတင်နှင့် တက်ရောက်လာကြတဲ့ နှစ်ဖက်က ဧည့်သည်တော်များခင်ဗျာ။ ကျွန်တော်က သမ္မတကြီးမစ္စတာပူတင်ရဲ့ ဖိတ်ကြား ချက်အရ ရုရှားနိုင်ငံကိုချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ပါတယ်။ ရုရှား နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အရေးပါပြီးယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ပါ တယ်။ ဒါကြောင့်အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှု တွေနဲ့အခြေခံ တည်ဆောက်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ကျွန်တော်တို့အနေနဲ့ တန်ဖိုး ထားပါကြောင်း အလေးအနက်ထားပြောကြားလိုပါတယ်။ ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်း ၇၇ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုဟာလည်း ပိုမိုနက်ရှိုင်းလာပြီးတော့မှ ပူး ပေါင်းဆောင်ရွက်မှုတွေဟာလည်း ပိုမိုအောင်မြင်တိုးတက်လာတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေးခရီးစဉ်မှာ အဆွေတော်သမ္မတကြီး မစ္စတာပူတင်နဲ့ နှစ်နိုင်ငံရဲ့နိုင်ငံတကာ အခြေအနေ အရပ်ရပ်ကိုကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။ အလားတူ ရုရှားနိုင်ငံအစိုးရ အဖွဲ့ ဝန်ကြီးချုပ် H.E. Mr. Mikhail Vladimirovich Mishustim နဲ့ လွှတ်တော် ဥက္ကဌ နှစ်ဦးနဲ့လည်း တွေ့ဆုံပြီးတော့မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီးပွားရေးအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယနေ့ တွေ့ဆုံ ပွဲမှာလည်း ကျွန်တော်တို့နှစ်ဦးဟာ နှစ်ဖက်သဘောတူညီချက်များစွာကိုလည်း မြှင့်တင် ဆောင်ရွက်နိုင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးအနေဖြင့်လည်း အသေးစိတ်အားဖြင့်ရှင်းပြပြီးဖြစ်ပါတယ်။ နှစ်ဖက်ယုံကြည်စိတ်ချစွာ ဆွေးနွေးမှု များကြောင့် သဘောတူညီချက် (၁၀) ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါ တယ်။ ကျွန်တော်တို့ခရီးစဉ်အတွင်းမှာ စိန့်ပီတာစပတ်မြို့နဲ့ နိုဗာစီဘစ်ရ်စ်ခ်မြို့ တို့မှာ မြန်မာကောင်စစ်ဝန်ရုံးများကိုလည်း တရားဝင်ဖွင့်လှစ်သွားမှာဖြစ်တာ ကြောင့် နှစ်ဖက်အကြား ဆွေးနွေးဖလှယ်မှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ယုံကြည် ပါတယ်။ ယခုခရီးစဉ်ကနေတဆင့် ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ ချစ်ကြည် ရင်းနှီးမှုဟာ ပိုမိုနက်ရှိုင်းစေပြီးတော့မှနှစ်ဖက်အကြားမှာ ကုန်သွယ်ရေး၊ စီးပွား ရေး၊ ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနဲ့ စွမ်းအင် ကဏ္ဍတို့ အပါအဝင် အကျိုးတူကဏ္ဍစုံ ပူးပါင်းဆောင်ရွက်မှုတွေလည်း မကြာခင် ကာလ အတွင်းမှာ ယခုထက်ပိုမိုတိုးတက်အောင်မြင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေ ပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီး တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာ နိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးရည်မှန်ချက်များ ပြည့်မီဖို့ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက် မပျက်ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ကျွန်တော်ပြောကြားလိုပါတယ်။ နောင် အနာဂတ်မှာလဲ ကျွန်တော်တို့နှစ်နိုင်ငံ ကြားမှာ အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြားလိုပါတယ်။
အဆွေတော်သမ္မတကြီးခင်ဗျာ - မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးနိုင်ငံတို့ အကြားပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတတ် မြင့်မားစေဖို့အတွက် ကျွန်တော့်အနေနဲ့ အတူတကွကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်းဆန္ဒပြုပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေး ခရီးစဉ်ကို အစစအရာရာပြည့်စုံအောင် ဆောင်ရွက်ပေးမှုများ၊ နွေးထွေးစွာကြိုဆိုမှုများ အတွက်ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနဲ့ အဆွေတော် သမ္မတ ကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးလာရောက် နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားအပ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များ
Tuesday, March 4, 2025 - 05:45