KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူအား လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၇
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကြမ်းဖက်မှုဖြစ်စဉ်များကို ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထံတွင် စစ်အခြေခံနှင့်ဖောက်ခွဲရေးသင်တန်းသို့ တက်ရောက်ခဲ့သည့် ထူးဝေလင်း (၂၃)နှစ်(ဘ) ဦးညီညီခင် အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထူးဝေလင်း ၏ ထွက်ဆိုချက်အရ ၎င်းနေထိုင်ရာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊ မူလဉယျာဉ်တိုက် အတွင်းရှိ အေးစေတီကျောင်းတိုက်အား ဆက်လက်ရှာဖွေခဲ့ရာ M-67 အမျိုးအစား လက်ပစ်ဗုံး ၃ လုံး၊ ဖိုက်ဘာဦးထုပ် ၇၀ လုံး၊ Hand Speaker ၄ လုံးတို့အား ယင်းနေ့ တွင်ပင် သိမ်းဆည်းရမိခဲ့ပြီး ၎င်းနှင့်အတူ ဖောက်ခွဲရေး သင်တန်းတက်ရောက် ခဲ့သည့် မင်းသုခကျော်(၂၆)နှစ် (ဘ)ဦးမျိုးမြင့်အား ဇွန်လ ၆ ရက် ညပိုင်းတွင် မြောက်ဥက္ကလာပ မြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်များအရ စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းအား ဧပြီလ ၅ ရက်မှ ၂၈ ရက်အထိ မိုင်ဂျာယန်အနီးရှိ KIA စခန်းတွင် သင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ ကြီးကြပ်မှုဖြင့် အစိုးရဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရ သည်။
သင်တန်းတွင် စစ်အခြေခံနှင့်ဖောက်ခွဲဖျက်ဆီးရေး သင်ခန်းစာများအား ပို့ချခဲ့ပြီး သင်တန်းဆင်းသည့်ရက်တွင် KIA အဖွဲ့မှ သင်တန်းပို့ချသူများနှင့်အတူ အကြမ်းဖက် အဖွဲ့ အစည်းဖြစ်သော CRPH မှ NLD ပါတီဝင် ဦးကျော်စိုးလင်း (မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် NLD ပါတီဝင် ဒေါက်တာ မျိုးဝင်း(မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း)တို့အပါအဝင် ၄ ဦး တက်ရောက်ခဲ့ပြီး CRPH ဖွဲ့စည်းထားရှိမှု အခြေ အနေနှင့် မြို့နယ်အလိုက် PDF အဖွဲ့များဖွဲ့စည်းကာ ပြည်တွင်း၌ နိုင်ငံရေးမငြိမ်မသက် ဖြစ်စေရန်အတွက် အစိုးရရုံး၊ အဆောက်အဦများအား ပစ်မှတ်ထား တိုက်ခိုက်သွားရန် နှင့် အစိုးရဆန့်ကျင်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း၊ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရေး Social Media အသုံးပြု၍ လုပ်ဆောင်ရန်နှင့် စစ်သင်တန်းတက်ရောက်လိုသည့် လူငယ်များအား စည်းရုံးပြော ဆိုကာ ၎င်းတို့ထံ သင်တန်းတက်ရောက်စေရေးများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ စစ်သင်တန်းတက်ရောက်ခဲ့သူ ၂ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။