မြောင်မြို့နယ်နှင့် ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက  လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မဟုတ်မမှန်သတင်းများဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅  မတ်လ ၃

Monday, March 3, 2025 - 19:00

          စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီး၊ ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက  လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင် ရာ ကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမား များကသာ ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာများအား ၎င်းတို့ အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတဆင့် အခြေအမြစ်မရှိ သည့် ဓာတ်ပုံများကိုအသုံးပြု၍ သတင်းအမှားများဖြင့်  လုပ်ကြံရေးသားဝါဒဖြန့်ဝေ ခြင်း ဖြစ်ကြောင်း သတင်းရရှိ သည်။