နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ်(၃၁)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော်(ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု တတိယ ဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍(က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်၊ (ခ) အဆင့် အသင်းလိုက်အထူးဆု တြံဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ပထမဆု ရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ (က)အဆင့် အသင်း လိုက် အထူးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်း ၊ တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်တီးဝိုင်းအသင်း ၊ ဒုတိယ ဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး နှစ်(၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းပေါင်း (၂၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။