နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဗထူးတပ်နယ်အတွင်းရှိ နယ်မြေခံစိုက်ပျိုးမွေးမြူရေးတပ်ရင်း၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နယ်မြေခံစိုက်ပျိုးမွေးမြူရေးတပ်ရင်းသို့ ရောက်ရှိရာ တပ်ရင်းအစည်းအဝေးခန်းမ၌ တပ်ရင်းမှူးက မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိမှုများကို သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ပန်းတိုင် ရည်မှန်း ချက် ပြည့်မီအောင် မျိုး၊ မြေ၊ ရေ၊ နည်း မှန်မှန်ကန်ကန်ဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိမှုကို အထောက်အကူဖြစ် စေရေးအတွက် နေကြာအထွက်နှုန်းကောင်းမွန်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ အခြားစိုက်ပျိုးသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီသည့် အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးတပ်ရင်း အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုစံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်တွင်း၌သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်ရုံမျှသာမက ပြင်ပသို့ သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူလူထုက အထူးပင်ကျေးဇူးတင်လျက်ရှိသည်ကိုလည်း တွေ့ရှိရပြီး ယခုထက် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စံပြစိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ မြေစိုက်ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း ဥစားကြက်များ မွေးမြူ ထားရှိမှု၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ရည်မှန်းချက်တာဝန်များအား အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုမှတ်တမ်းများ၊ မွေးမြူရေးစခန်းမှထွက်ရှိသော လားချေး၊ မြင်း ချေးများ၊ စံပြမွေးမြူရေးဇုန်မှထွက်ရှိသော ကြက်၊ ဝက်၊ နွားချေး ကုန်ကြမ်းပစ္စည်းများ နှင့် အခြားစိုက်ပျိုးရေးစွန့်ပစ် ကုန်ကြမ်းပစ္စည်းများအား မြေဆီဩဇာကြွယ်ဝသော သဘာဝ မြေဆွေးအဖြစ် စမ်းသပ်ထုတ်လုပ်အသုံးပြုလျက်ရှိမှု၊ စိုက်ပျိုးရေးဇုန်မှထွက်ရှိသည့် နေကြာစေ့မှ ဆီကြိတ်ခွဲထုတ်လုပ်နေမှု၊ သဘာဝမြေဩဇာများထုတ်လုပ်ထား ရှိမှု၊ ရွှေဖရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်း၊ ခရမ်း စသည့်များကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့ ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြင်ပသို့ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဝေရောင်းချပေးလျက်ရှိမှု၊ ဆီနေကြာ မျိုးစေ့ ထုတ်ယူရန် နမူနာခင်းကျင်းပြသထားရှိမှု၊ Green House အတွင်းနှင့် စိုက်ပျိုးရေး ခြံအတွင်း ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထားရှိမှုတို့ကို စိတ် ပါဝင်စားစွာ ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မေထုံမဲ့နည်းပညာဖြင့် နို့စားနွားနှင့် DYL မျိုးမြင့် ဝက် များမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီး နွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင် ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံဝန်ထမ်းများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။