မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ရက်
ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်း ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာကို ကာကွယ် စောင့်ရှောက်ရန်အတွက် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုသာ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အကြမ်းဖက်သမားများကသာ မြို့ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများကို လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများအသိပင်ကြောင်း၊ ယခုဖြစ်စဉ်တွင် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့မဟုတ်မမှန်လုပ်ကြံ ရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။