နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ်(၃၁)ကြိမ်မြောက် တပ်မတော်နေ့ (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ကျင်းပသည်။
ပြိုင်ပွဲတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်း တို့ယှဉ်ပြိုင်ခဲ့ ကြသည်။
အဆိုပါ စစ်တီးတီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှု့များကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ ပြိုင်ပွဲဝင်အသင်းများ နှင့် ဖိတ်ကြားထားသူများကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။