ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးအဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်လျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

Wednesday, February 19, 2025 - 18:45

          စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်  ပြည်သူများထိခိုက်သေဆုံး ပြီး သာသနိကအဆောက်အအုံများပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်များမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြော ကြားချက်အရ အဆိုပါမြို့နယ်များအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများသေဆုံးပြီး သာသနိကအဆောက်အအုံများ ပျက်စီးသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်များ အား ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ အကြမ်းသမားများမှ အဆိုပါမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးပြီး သာသနိကအဆောက်အအုံများ၊ လူနေ အိမ်များ ပျက်စီးဆုံးရှုံးရခြင်းများရှိခဲ့သည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်သည့် လုပ်ရပ်များကိုဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် သတင်းဓာတ်ပုံများကို အသုံးပြု၍ ရေးသားဖြန့်ဝေ နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။