ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ၌ တာဝန်ဝတ္တရားဆောင်ရွက်နေသော  လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့ကမဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြနေမှုနှင့်ပတ်သက်၍သတင်းအမှန်ထုတ်ပြန်ခြင်း

Sunday, June 6, 2021 - 15:15

 

နေပြည်တော်၊ ဇွန် ၆

            ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ တာဝန်ဝတ္တရားဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ အကြမ်းဖက်သောင်းကျန်းသူ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးအား လက်လုပ်သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

            အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ DVB သတင်းဌာနအပါအဝင် အချို့မီဒီယာများသာမက Facebook လူမှုကွန်ယက်စာမျက်နှာများ၌ ဖြစ်စဉ်ဖြစ်ပွားမှုအား ထိန်ချန်လိမ်လည်၍ ကျောင်းဆရာမ ၁ ဦးမှ သတင်းပေးပို့၍ အပြစ်မဲ့ပြည်သူများက သေကြေရသည်ဟူသော သဘော သက်ဝင်သည့် ရေးသားချက်များဖြင့် အပြစ်မဲ့ကျောင်းဆရာမအား အသက်အန္တရာယ်ထိခိုက်စေနိုင် သည်အထိ ပြည်သူအချင်းချင်းအား ရန်တိုက်ပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဉပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ခြင်းကို အထင်အမြင်လွဲမှားစေခြင်းတို့ကို ဦးတည်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

            ဖြစ်စဉ်အမှန်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ၌ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နေကြောင်း သတင်းအား အတည်ပြုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် နံနက် ၈ နာရီ ၂၀ မိနစ် ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ပြီး လှေဆွဲကျေးရွာထိပ်ရှိ ငှက်ပျောတောသို့ ရေသွင်းသည့် ရေမြောင်းအတွင်းမှ အကြမ်းဖက်သောင်းကျန်းသူအင်အား ၃၀ ဦးခန့်က လက်လုပ်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ခန့်အကြာတွင်အကြမ်းဖက်သူများမှထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့်၎င်းတို့ ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် နေရာတဝိုက်အား ရှာဖွေခဲ့စဉ် အကြမ်းဖက်သောင်းကျန်းသူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)မှာ ဒဏ်ရာရရှိသေဆုံးခဲ့ကာ အမျိုးသား ၂ ဦးအား လက်လုပ်ဂက်စ် သေနတ် ၅ လက်၊ လေးခွ ၁ လက်၊ ဂျင်ကလိ ၄၀ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးတွင်လည်း ဘောစေ့ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

            သို့ဖြစ်ပါ၍ အများပြည်သူလူထုအနေဖြင့် မီဒီယာအချို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံ ရေးသားနေမှုများအား အသိ၊ သတိဖြင့် ယှဉ်ကာ ချင့်ချိန် ဝေဖန်သုံးသပ်နိုင်ပါရန်အသိပေးထုတ်ပြန်အပ်သည်။