နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပိုင်ပွဲ(က)အဆင့်နှင့်(ခ)အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိစစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း ၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင်(က)အဆင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်တီးဝိုင်း အသင်း၊ (ခ)အဆင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်း အသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှု့များကို တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထွန်းမြတ်ရွှေ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များပြိုင်ပွဲဝင်အသင်းများ နှင့်ဖိတ်ကြား ထားသူများကြည့်ရှု့အားပေးခဲ့ကြောင်းသတင်းရရှိသည်။