ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ ၁၄

Friday, February 14, 2025 - 16:15

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသား၍ အွန်လိုင်းမီဒီယာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ အကြမ်းဖက်သမားများအနေဖြင့် ၎င်းနယ်မြေအတွင်း ပြည်သူများအေးချမ်းသာယာစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်စေရန်ရည်ရွယ်၍ Drone များအသုံးပြုကာ Drop Bomb ချတိုက်ခိုက်မှုများကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်၊ အိုးအိမ်၊ စည်းစိမ်းများ ဆုံးရှုံးရခြင်းများရှိကြောင်း၊ ပြည်ဖျက်မီဒီယာများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။