(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကြီး နှစ်ရက်တိုး၍ ကျင်းပသွားမည် နေပြည်တော်   ဖေဖော်ဝါရီ   ၁၃

Thursday, February 13, 2025 - 16:45

          (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြပွဲစတင်သည့်ရက်မှစ၍ နေ့စဉ် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများ၊  MSME လုပ်ငန်းရှင်များ တစ်ခဲနက် လာရောက်ကြပြီး အထူးစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲ ကြသည့်အတွက် ပြပွဲကို ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက် နှစ်ရက်တိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သိရသည်။