ဒီပဲယင်းမြို့ရှိနေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မဟုတ်မမှန်၊ သတင်းတု၊ သတင်းမှားများရေးသားဖြန့်ဝေ နေပြည်တော်   ဖေဖော်ဝါရီ  ၁၃

Thursday, February 13, 2025 - 16:45

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက Online သတင်း စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းသိရှိရပြီး အကြမ်းဖက်သမား များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကိုမလိုလားဘဲ ငြိမ်းချမ်းစွာနေထိုင်လျက် ရှိသော ပြည်သူလူထုအားငွေကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့်  အနိုင်ကျင့် ခြိမ်းခြောက်မှုများအား ဥပဒေမဲ့လုပ်ဆောင်လျက်ရှိပြီး၎င်းတို့အပေါ်ထောက်ခံအားပေးမှု မရှိသည့် ရပ်ကွက်၊ ကျေးရွာများရှိ လူနေအဆောက်အဦများအားမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။