ကန့်ဘလူမြို့နယ် ကိုးမြို့ကျေးရွာနှင့်သိုးဘိုးကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးပြီး ဒရုန်းများဖြင့်ဗုံးကြဲခဲ့ကြောင်း မဟုတ်မမှန်၊ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၂

Wednesday, February 12, 2025 - 15:45

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးမြို့ကျေးရွာနှင့်သိုးဘိုးကျေးရွာ တို့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီးဒရုန်းများဖြင့်ဗုံးကြဲခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

  အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အသက်ပေးကာကွယ် စောင့်ရှောက်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိ ကြောင်း၊ အကြမ်းဖက်သမားများကသာ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စိည်းစိမ် ကို မငဲ့ကွက်ဘဲ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ၊ ရပ်ကွက်များ အား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း များ‌ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။