(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများအား  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

Wednesday, February 12, 2025 - 15:45

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊   တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဖတ်ကြားကြသည်။

          ထို့နောက် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကို  တာဝန်ရှိ သူများက ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ ဌာနဆိုင်ရာ အသိပညာပေးပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအား လိုက်လံကြည့်ရှုအားပေးကြ သည်။

ထို့ပြင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများနှင့်အားကစား ပြိုင်ပွဲများတွင်ဆုရရှိကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသူ များအား တိုင်းရင်းသားရိုးရာ အစားအစာစတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြ ကြောင်း သိရှိရသည်။

 ညပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသတို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီး ကျင်းပခဲ့ကြောင်း သတင်းရရှိ သည်။