ညောင်ရွှေမြို့နယ်၊ ရေပူရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်  သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၃၀

Thursday, January 30, 2025 - 14:30

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ မည်သည့်ပစ်ခတ်မှုမှ လုပ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ၊ ရပ်ကွက်များအား ခေါင်းစဉ် အမျိုးမျိုးတပ်၍ အကြောက်တရားများလွှမ်းမိုးစေရန် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပစ်ခတ် လျက်ရှိကြောင်း၊ ယခုဖြစ်စဉ် တွင်လည်း အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း နှင့်တရားမဝင်ပြည်ဖျက်မီဒီယာ များမှ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။