Wednesday, January 29, 2025 - 16:45
ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများပြုလုပ်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်း အမှားများဖြင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေရန် ကောလာဟလသတင်းများဖြင့် ဝါဒဖြန့် လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။