တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ - ၂၇

Monday, January 27, 2025 - 15:15

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်​ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာ၊ ဆုတောင်းပြည့်အဏ္ဏဝါဦး စေတီတော်မြတ်တွင် အခြေ ပြု၍ အဆိုပါမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၁ ဦး၊ ခွဲစိတ်ရောဂါ ၁၈  ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၁ ဦး၊ ကလေးရောဂါ ၅၀ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၄၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးသည်။