မတ္တရာမြို့နယ်၊ စကျင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တစ်ချို့ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ   ၂၇

Monday, January 27, 2025 - 15:15

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ် တချို့ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းဒေသအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် လိုအပ်သည့်နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအတွင်းသို့ အကြောင်းမဲ့တစ်စုံတစ်ရာ ပစ်ခတ်ခဲ့မှု မရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ကျေးရွာများအား အကြောက်တရားလွှမ်းမိုးစေရန် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ လူနေအိမ်များ ပျက်စီးပြီး အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများ လည်းရှိကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုမှ အထင်အမြင်လွဲမှားလာစေရန် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။