ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာ

Thursday, January 23, 2025 - 17:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာကြောင်းသိရသည်။ အဆိုပါ နည်းဥပဒေများတွင် အခန်း( ၁၀ )ခန်း၊ နည်းဥပဒေ အပိုဒ်ပေါင်း ( ၅၉ ) ပိုဒ်၊ နောက်ဆက်တွဲပုံစံ ( ၁၂ )ခုဖြင့် ဖော်ပြထားပြီး အခန်း( ၁ )တွင် အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း( ၂ )တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊ အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလ အပိုင်းအခြားကိုလျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်အခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆)တွင် အမိန့်စာဆင့်ခေါ်ခြင်း၊ အခန်း(၇)တွင် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်း တာဝန်များ၊ အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း(၉)တွင် စစ်စည်းရုံးခြင်း၊ အခန်း(၁၀)တွင် အထွေထွေတို့ပါရှိကြောင်း သိရသည်။