ရန်ကုန်မြို့ရှိ အမျိုးသားအဆောင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက် စစ်ဆေးကာ ငွေညှစ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေ လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၂၁ ရက်

Tuesday, January 21, 2025 - 15:45

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိ အမျိုးသားအဆောင်များကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်နေပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ ညပိုင်းက မြို့လယ်ရှိအဆောင်တစ်ခုကို ဝင်ရောက်စစ်ဆေး၍ ငွေမပေးနိုင်သူများကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တရားမဝင်ပြည်ဖက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားထုတ်လွှင့် လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ငွေကြေးကောက်ခံခြင်းများ မရှိကြောင်း၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက်သမားများတရားမဝင်ခိုအောင်း ဝင်ရောက်၍ အဖျက် အမှောက်လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစစ်ဆေးရှာဖွေခြင်းများသာ လုပ်ဆောင်လျက် ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အဆိုပါနယ်မြေအတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ နေ့ညမပြတ် စစ်ဆေးရှာဖွေခြင်းများကြောင့် ဝင်ထွက်သွားလာနိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ဖြစ်စဉ်ဖြစ်ရပ်ကိုက်ညီမှုမရှိသည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။