ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ ၁၇

Friday, January 17, 2025 - 17:30

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံတပ်ရင်းသို့ရောက်ရှိနေသည့်  ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

                 ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄)သို့တက်ရောက်မည့် နိုင်ငံ့သား ကောင်းရတနာများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

                 အလားတူ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက် ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် မွန်ပြည်နယ် အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေနံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  သွားရောက်တွေ့ဆုံသည်။

                ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။