လဟယ်မြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းတွင် လဟယ်မြို့ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ တောင်တန်းသာသနာပြု ဗဟိုခေါင်းဆောင် မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန် တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အတူ လဟယ်မြို့ နှစ်ခြင်း ခရစ်ယာန်အသင်းသို့ သွားရောက်ခဲ့ပြီး သိက္ခာတော်ရ ဆရာတော်ဦးအထွန်းနှင့် တာဝန် ရှိသူများအားတွေ့ဆုံခဲ့၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နာဂယဉ်ကျေးမှုပြတိုက်ခန်းမ၌ လဟယ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံကိန်းလုပ်ငန်းများဆိုင်ရာ အခြေအနေ များကိုလည်းကောင်း၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက် ပေးစေလိုမှုအခြေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်မှ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ဝင်များသည် လဟယ်မြို့မှ ခန္တီးမြို့သို့ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင်ရောက်ရှိခဲ့ပြီး ခန္တီးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံခဲ့ရာတွင် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး မှ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအခြေအနေ များကိုရှင်းလင်းတင်ပြခဲ့ပြီး နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ ဆောင်ရွက်ပေးစေလိုသည်များကိုတင်ပြခဲ့ကြသည်။
ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်မှ လိုအပ်သည်များကို ရှင်းလင်းဆွေနွေးပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အတူ နယ်မြေခံတပ်နယ်ခန်းမသို့ သွားရောက်၍ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ နှုတ်ဆက်အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ
ခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။