စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးနေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ် မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ တိုက်ပွဲများ ဖော်ဆောင်လာခြင်းများ ကြောင့် နယ်မြေခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးရခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ ဝင်ရောက်လာမှုမရှိစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါနယ်မြေ အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သော်လည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမရှိ ကြောင်းနှင့် အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိ သည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။