နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇွန် ၄

Friday, June 4, 2021 - 13:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် ဧပြီလ ၂၄ ရက် တွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခေါင်း ဆောင်များ ထိပ်သီးအစည်းအဝေးရလဒ်များကိစ္စ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်နေမှုကိစ္စ၊ အာဆီယံကနဦး ဆန်းစစ်လေ့လာရေး အကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စ၊ COVID-19 ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အာဆီယံအဖွဲ့မှဆောင်ရွက်နေမှု၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များ၊ မတရားအသင်းကြေငြာထားသည့် CRPH၊ NUG တို့နှင့်စပ်လျဉ်း၍ အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များမှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ မှုနှင့်စစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းသွားချိန်တွင် ရွေး ကောက်ပွဲပြန်လည်ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်၊ ဦးဝဏ္ဏမောင်လွင် ၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေး မှူးချုပ်တို့နှင့်အတူ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် Mr. Garry Ramtee Bin Haji Ibrahim နှင့်တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။