နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၈) နှစ်မြောက်  ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား  နေပြည်တော် ဇန်နဝါရီ - ၁၀

Friday, January 10, 2025 - 16:15

          ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ NSPNC၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရကိ္ခတတရား၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုတိုင်း ရင်းသားအားလုံး တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူ တကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်း လုံးတည်ငြိမ် အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်ဖော်ဆောင်ပေးရေးစသည့် ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

          အမျိုးသားရေးဦးတည်ချက်(၅)ရပ် ချမှတ်သည့်အပေါ်တွင် ဒို့တာဝန်အရေး(၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ  တိုင်းရင်းသားများစည်လုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကထားပြီး ရည်ရွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ထူးခြားချက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် တစ်ဆက်တည်းတွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

          ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပ လျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့်  အတွေ့အကြုံများရှိကြပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင် နှစ်များက အခမ်းအနား၏ အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန် အတွက် အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

          ပြည်ထောင်စုနေ့အခမ်းအနားနှင့်ဆက်စပ်လျက် နေပြည်တော်ကောင်စီနယ်မြေ၌ပင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး၏ MSME ထုတ်ကုန်များ ခင်းကျင်းပြသခြင်း၊ ဒေသအသီးသီးမှ ထုတ်ကုန် ပစ္စည်အချင်းချင်း ယှဉ်ပြိုင်မှုမှ တဆင့် အရည်အသွေးနှင့် ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုး တက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကို ရည်ရွယ်၍ MSME ထုတ်ကုန် ပြိုင်ပွဲကြီး တစ်ရပ်ကျင်းပရန်အပြင် ဒေသန္တရ ရိုးရာအစားအစာများ ကိုလည်း တစ်နေရာတည်း၌ပင် အမျိုးအစားစုံလင်စွာဖြင့် ထိတွေ့ခံစာနိုင်စေရန်အတွက်လည်း စီမံဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။

          ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့် အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာတိတိကျကျ စစ်ဆေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ယခင်အခမ်းအနား များထက်ပို၍ တင်းတင်းကြပ်ကြပ် လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက် နေကြလုပ်ငန်းများ ဖြစ်သော်လည်းမှားယွင်းမှု၊ လစ်ဟာမှုမရှိအောင်  ဂရုစိုက် ဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။

          ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ် ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြား ရေးဆပ်ကော်မတီ၊ ညစာစားပွဲ ဖျော်ဖြေရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များကြိုဆိုနေရာ ချထားရေးနှင့် ဧည်ခံကျွေးမွေးရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချ ထားရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆက်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေးဆပ် ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွား ကြမည့်အစီအမံများကို  ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

          ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာ ကြသူများက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော် မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။